HTC One ကို Root လုပ်နည်း
HTC One (Android 4.1.2) ကို root လုပ်နည်းကိုတင်ပြပေးလိုက်ပါတယ်။ ကျွန်တော်ကိုယ်တိုင် ဒီနည်းနဲ့စမ်းသပ်အောင်မြင်ထားတာဖြစ်လို့ အောက်မှာပြောထားတဲ့ step by step သေချာစွာလိုက်လုပ်မယ်ဆိုရင် မိမိရဲ့ HTC One ဖုန်းကိုအောင်မြင်စွာ root လုပ်နိုင်မှာဖြစ်ပါတယ်။ ဒီနည်းကိုတော့ htconeroot website ကနေရထားတာပါ။ ဒီနည်းနဲ့ပဲအဆင်ပြေခဲ့ပါတယ်။ ဒါကြောင့် ကျွန်တော်အဆင်ပြေခဲ့တဲ့ပုံစံအတိုင်းပြန်လည်ရေးသားပေးလိုက်ပါတယ်။ Step 1. Settings /Developer options ထဲသို့ဝင်၍ USB debugging ကိုအမှန်ခြစ်ထားပါ။ Step 2. ဖုန်းနဲ့ကွန်ပျူတာကို USB ကြိုးအသုံးပြု၍ချိတ်ဆက်ပါ။ Step 3. အောက်မှာပေးထားတဲ့ HTC One Root Tool ဖိုင်နဲ့ Recovery image file ကို Download ရယူပါ။ Download HTCOneRoot.zip (For Windows, Mac, and Linux) Download ရယူပြီးပါကHTCOne Root zip ဖိုင်ကို Win Rar / 7Zip အသုံးပြု၍ ဇစ်ဖြည်ထားပါ။ HTCOne Root ဖိုဒါထဲမှာ CWM Super SU v1.30.zip ဆိုတဲ့ဖိုင်လေး ပါ ပါတယ်။ အဲဒီ zip ဖိုင်လေးကို HTC One ဖုန်းရဲ့ internal Memory ထဲသို့ထည့်ထားပါ ။ USB ကြိုးနဲ့ကွန်ပျူတာနဲ့ချိတ်ထည့်ပေါ့။ ...