Posts

Showing posts from November, 2015

Asus Zenfone 4,5,6 တို့ကို Lollipop Android 5.0 တင်နည်း

Image
မိမိဖုန်းဟာ အကောင်းအတိုင်း Normal Mode မှာရှိနေသေးတယ်ဆိုရင် အောက်ပါနည်းကို သုံးပါ။ Asus Zenfone 5 ကို Stock Firmware Android Version 5.0 Lollipop တင်နည်း Asus Zenfone 4 ကို Stock Firmware Android Version 5.0 Lollipop တင်နည်း Asus Zenfone 6 ကို Stock Firmware Android Version 5.0 Lollipop တင်နည်း ဒီနည်းလမ်းကတော့ Brick ဖြစ်နေတဲ့ Asus ဖုန်းတွေကို တင်နည်းဖြစ်ပါတယ်။ ပထမဆုံး မိမိဖုန်းနဲ့သက်ဆိုင်တဲ့ Stock Rom ကို Download ရယူပါ။ Asus ZenFone 4 T00I Android 5.0 Stock Firmware Asus ZenFone 5 T00F Android 5.0 Stock Firmware Asus ZenFone 6 T00G Android 5.0 Stock Firmware ပြီးရင်တော့ မိမိဖုန်းကို Volume up + Power ကို ဖိနှိပ်ပြီး Droid Mode ၀င်လိုက်ပါ။ ပြီးသွားရင်တော့ Recovery ကို ရွေးလိုက်ပါ။ Recovery Mode ရောက်ပြီဆိုရင်တော့ ဖုန်းကို ကြိုးထိုးလိုက်ပါ။ apply update from ADB ကို ရွေးလိုက်ပါ။ ပြီးရင် adb sidelode file.zip (မိမိ Download ထားတဲ့ ဖိုင်နာမည်ကိုရိုက်လိုက်ပါ။) ဒါဆိုရင်တော့ Asus Firmware တင်ခြင်းအဆင်ပြေပါပြီ။

Coolpad 7251 ကိုပုံမှန် Qualcomm download Tool ဖြင့်တင်လျှင် အဆင်မပြေရင်ဒီလိုတင်ပါ

Coolpad 7251 ကိုပုံမှန် Qualcomm download Tool ဖြင့်တင်လျှင် အဆင်မပြေဖြစ်တက်ပါတယ်။ ဒါကြောင့်ဒီနည်းလမ်းက အလွယ်ဆုံးပဲဖြစ်ပါတယ်။ SD CARD ဖြင့်တင်ဖို့အတွက်ကတော့ အောက်ပါ Firmware ကို Download လုပ်ဖို့လိုအပ်ပါတယ်။ Coolpad 7251 SD CARD Firmware ပြီးသွားရင်တော့ Zip ဖြည်လိုက်ပါ။ folder နာမည်ကို sdimage ဆိုပြီးပြောင်းပါ။ SD CARD ထဲထည့်လိုက်ပါ။ ပြီးရင် ဖုန်းကို ပါဝါဖွင့်လိုက်ပါ။ ဒါဆို အလိုလိုတင်သွားပါလိမ့်မယ်။ အစိမ်းရောင်အတန်းလေးပေါ်လာရင် Firmware တင်တာပြီးဘာပြီ။

Coolpad CPB Firmware များကို YGDP Tool အသုံးပြုပြီးတင်နည်း

Image
Coolpad CPB Firmware များကို တင်နည်းများစွာရှိပါတယ်။ အဲ့ထဲကမှ ဒီနည်းလေးကတော့ လွယ်ပြီးအဆင်ပြေပါတယ်။ ပထမဆုံး Driver နဲ့ YGDP Tool ကို ဒီမှာ Download ရယူပါ။ Download here ပြီးသွားရင် မိမိဖုန်းနဲ့သက်ဆိုင်တဲ့ CPB Firmware ကို အရင် Download ရယူပါ။ CPB Firmware Here Download လုပ်ထားတဲ့ Driver နဲ့ YGDP Tool ကို Install လုပ်လိုက်ပါ။ ပြီးရင် ဖွင့်လိုက်ပါ။ Password တောင်းနေပါလိမ့်မယ်။ 369 ရိုက်ထည့်ပေးလိုက်ပါ။ ဒီလိုပုံစံပေါ်လာပါလိမ့်မယ်။ ပြီးရင် အပေါ်ဘားက Menu ထဲက Config ထဲကို ၀င်လိုက်ပါ။ မိမိရေးချင်တဲ့ CPB Firmware ကို ရွေးပေးလိုက်ပါ။ ပြီးရင် Start ကို နှိပ်ပြီး မိမိဖုန်းရဲ့ သက်ဆိုင်တဲ့ Mode ကို ၀င်လိုက်ပါ။ ဒါဆို Firmware ရေးသွားပါပြီ။

Alcatel One Touch POP D1 4018D Root မြန်မာစာထည့်သွင်းနည်း

mrf#KingRoot-4.1.0.249.apk mrf#fontinstall.zip ပြီးသွားရင်တော့ mrf#kingroot.apk လေးကို Install လုပ်လိုက်ပါ။ ပြီးရင် Wifi လေးဖွင့်ပြီး Root လုပ်လိုက်ပါ။ ဘယ် Font Changer ကိုမှမသုံးပါနဲ့။ Root ပြီးရင် mrf#fontinstall.zip ကိုဖြည်လိုက်ပါ။ ပြီးရင် ဖုန်းကို ကြိုးထိုးပြီး install.bat ကို Run လိုက်ပါ. ဖုန်းဟာ Reboot ကျသွားပါလိမ့်မယ်။ပြန်တက်လာရင် FrozenKeyboard ကော မြန်မာစာကောအဆင်ပြေပါပြီ။
Image
Android 4.4 , 5.0 တွေမှာ Root ဖောက်ပြီး mount မရခြင်း ဖြေရှင်းနည်း Android 4.4 5.0 တွေဖြစ်တဲ့ Sony ဖုန်းတွေမှာ အရမ်းအဖြစ်များပါတယ်။ Root ဖောက်လိုက်တယ်။ဒါပေမဲ့ မြန်မာစာသွင်းမရတာတို့ အပြင်အခြားကိစ္စတွေလုပ်တာဖြစ်ဖြစ် Mount မရရင်ဘာမှလုပ်လို့မရပါဘူး။ ဒီနည်းလမ်းကိုဖြေရှင်းဖို့အတွက်ကတော့ အရင်ဆုံး မိမိဖုန်းကို Remount ရမရစမ်းပါ။ adb ကနေ adb shell su mount -o remount,rw mount system ဆိုပြီးရိုက်ကြည့်ပါ။ ယခုလို Return ပြန်လာရင်တော့ မိမိဖုန်းဟာ Mount Error တက်နေပါပြီ။ ဒါဆိုရင်တော့ ဒီ Command လေးရိုက်လိုက်ပါ။ echo 0 > /sys/kernel/security/sony_ric/enable ဒါဆိုရင်တော့ မိမိဖုန်းဟာ Mount Error ရှင်းပြီးပါပြီ။ မြန်မာစာသွင်းတဲ့ Font Changer တွေကိုလဲအသုံးပြုလို့ရပါပြီ
Image
Cygwin ထည့်သွင်းနည်းနှင့် Insecure Boot ပြုလုပ်နည်း ယခုနည်းလမ်းလေးနဲ့ Insecure Boot ပြုလုပ်ပါက MTK Devices များကို အလွယ်တကူ Root လုပ်နိုင်မှာဖြစ်ပါတယ်။ ထို့အပြင် Cygwin ကို အသုံးပြုပြီးပြုလုပ်သည့် Insecure Boot သည်ပိုမို စိတ်ချရပါတယ်။ မိမိ Computer ထဲမှာ JDK ထည့်သွင်းထားဖို့လဲမမေ့ပါနဲ့။ အရင်ဆုံးဒါလေးတွေကို Download လုပ်လိုက်ပါ။ Cygwin & Android Kitchen ပြီးသွားရင်တော့ zip ကို ဖြည်လိုက်ပါ။ ပြီးသွားရင်တော့ cywin_packages.zip ကို ထပ်ဖြည်လိုက်ပါ။ setup.exe ကို Run လိုက်ပါ။ ဒီလိုသုံးခုရွေးခိုင်းရင် Install From Local Directory ကို ရွေးပေးလိုက်ပါ။ ဒီအတိုင်းဆက်သွားပါ။ ပြီးသွားပါက ဒီလိုဖိုင်တောင်းနေပြီဆိုရင် cygwin Folder ထဲက http နဲ့စတဲ့ Folder ကို ရွေးပေးလိုက်ပါ။ အဲ့ Folder ကို ရွေးပြီးရင်တော့ ဒီလိုပေါ်လာပါလိမ့်မယ်။ Ok ကို နှိပ်လိုက်ပါ။ ဒါဆိုရင်တော့ ဒီလိုပေါ်လာပါလိမ့်မယ်။ အပေါ်ဆုံးကို All ဘေးက Default ကို နှိပ်လိုက်ပါ။ အားလုံး Install ဆိုပြီးပေါ်လာပါလိမ့်မယ်။ ပြီးရင် Next ကို နှိပ်လိုက်ပါ။ အားလုံ