Posts

Showing posts from October 26, 2014

Apple ID ပြုလုပ်နည်း

Image
သင်ဟာ Apple user တစ်ဦး ဟုတ်ပါသလား…? Apple ID ရော သင့်မှာ ရှိထားပြီးပါပြီလား…? သင့်ရဲ့  Apple ID တစ်ခုထဲနဲ့  တစ်ကမ္ဘာလုံးရဲ့  iTunes Store က App, Music အစရှိတာတွေ အားလုံးကို Free (သို့ ) Paid စနစ်နဲ့  ရယူနိုင်တယ် ဆိုတာကိုရော သင် သိပြီးပါပြီလား…? Apple iTunes Store မှာ Free (သို့ ) Paid နဲ့  ရယူနိုင်တဲ့ App တွေ Music တွေဟာ တစ်နိုင်ငံနှင့် တစ်နိုင်ငံ မတူကြဘူးဆိုတာကို သတိပြုမိကြပါလိမ့်မယ်။ အားလုံးထဲမှာ အစုံလင်ဆုံး အားလုံးရရှိနိုင်တဲ့ Store ကတော့ US နဲ့  Canada တို့ ပဲဖြစ်ပါတယ်။ လက်ရှိ နောက်ဆုံး Apple ၏ စာရင်း အရ iTunes Store ကို နိုင်ငံပေါင်း (၁၃၂) ခုအတွက် ဖွင့်လှစ်ထားပြီး နောက်ထပ် (၅) ခု ထပ်မံ ဖွင့်လှစ်ဖို့ ရာထားပါတယ်။ တစ်ခါတစ်ရံ ကျွန်တော်တို့  လိုချင်တဲ့ App အချို့ ဟာ ကျွန်တော်တို့  ဖွင့်လှစ်ထားတဲ့ Apple ID ရဲ့  Store မှာ မရတဲအခါမှာ၊ ရနိုင်တဲ့ Store ရဲ့  ID ကို ထပ်မံပြောင်းလဲ ဖွင့်လှစ်ရတာမျိုး ကြုံရတတ်ပါတယ်။ ဒီလိုဆို လူတစ်ယောက်ထဲနဲ့  Apple ID အနည်းဆုံး (၂) ခုလောက် ဖြစ်နေတတ်ပါတယ်။ ဒီအခါမှာ ID, Password တွေ မှတ်ရတဲ့ ပြဿနာက မသေးလှပါဘူး၊ App တွေကို Update လုပ်တဲ့ အခါမ