Nokia C3 အတွက် မြန်မာ font ဘယ်လိုသွင်းရမလဲဆိုတာ Comment box မှာ မေးထားတာတွေ့လို့ပါ။ အားလုံးအဆင်ပြေစေဖို့ တင်ပေးလိုက်ပါပြီ။
ပထမဆုံးအနေနဲ့ ဖုန်းထဲမှာ X-plore လို့ခေါ်တဲ့ file Manager ဆော့ဝဲလေးရှိရပါမယ်။ မရှိရင်အောက်မှာ ရယူနိုင်ပါတယ်။
X-plore(for window mobile) အားရယူရန်
X-plore ကိုဖုန်းမှာ install လုပ်ပါ။ ပြီးရင် X-plore ထဲကိုဝင်ပါ ။ configuration menu ကိုသွားပြီး show hidden files and system folders ကို
အမှန်ခြစ်ပေးပါ။ ပြီးရင် ကိုယ့်ဖုန်းရဲ့ internal memory z:/resource/fonts folder အောက်မှာ font အမျိုးအစားတစ်ခုကို file သုံးခုနဲ့တွေ့ပါလိမ့်မယ်။
ဥပမာပြောရင် S60SC.ccc, S60TCHK.ccc and S60ZDIGI.ttf ဆိုပြီးတော့ တွေ့ရင် အဲဒီနာမည် သုံးမျိုး ကိုခဏမှတ်ထားပါ။
ပြီးရင် မိမိသွင်းချင်တဲ့ မြန်မာ font ရဲ့ name ကို ခုနက ဖိုင်သုံးဖိုင်ရဲ့ နာမည်တွေကို rename ပေးလိုက်ပါ။ ဥပမာ- zawgyi.ttf ကို zawgyi ဆိုတာကိုတင်ဖျက်ပြီး နောက်က file အမျိုးအစားကိုမပြောင်းဘဲ S60SC.ccc, S60TCHK.ccc and S60ZDIGI.ttf ဆိုပြီး ပေးခိုင်းတာပါ။
ပြီးရင် ဖုန်းရဲ့ memory card ကို ကွန်ပျူတာနဲ့ချိတ်ပါ။ memory card ရဲ့ directory အောက် resource ဆိုတဲ့ folder ထဲကိုဝင်ပါ(ဥပမာ-e:/resource) ။ ပြီးရင် resource folder ထဲမှာ “Fonts” ဆိုတဲ့ နာမည်နဲ့ folder တစ်ခုတည်ဆောက်ပါ။ ပြီးရင် ခုနက system font တွေရဲ့
နာမည်တွေအတိုင်း rename ပေးထားတဲ့ မြန်မာဖောင့်ဖိုင်သုံးခုကို အသစ်ဆောက်ထားတဲ့ Fonts ဖိုဒါအောက်ကို ပို့လိုက်ပါ။
ဥပမာအားဖြင့် e:/resource/fonts/S60SC.ccc, S60TCHK.ccc and S60ZDIGI.ttf) ။ ပြီးရင် ဖုန်းကို restart ချလိုက်ပါ။
ပြန်တက်လာရင် မြန်မာလို မြင်ရပြီဖြစ်ပါတယ်။

Comments

Popular posts from this blog

Huawei G730-U00 CWM Recovery (English) +SP Flash Tool

Huawei & CoolPad LCD ပြသနာ