IPhone ပုံစံသစ် နှစ်မျိုး မကြာမီ ထုတ်လုပ် ဖြန့်ချိတော့မည့် Apple


Apple Company အနေဖြင့် လာမည့်လအတွင်း IPhone ပုံစံသစ် နှစ်မျိုးအား ထုတ်လုပ် ဖြန့်ချိတော့မည် ဖြစ်ကြောင်း သိရှိရသည်။

တရုတ်နိုင်ငံရှိ Foxconn ၏ ပင်မ Company ဖြစ်သော ထိုင်ဝမ် အခြေစိုက် Hon Hai Precision အနေဖြင့် ထပ်မံ အဆင့်မြှင့်တင်ထားသော IPhone နှင့် တန်ဖိုးနည်း IPhone အစရှိသည့် ပုံစံသစ် နှစ်မျိုးအား ရေကြောင်းလိုင်းမှတဆင့် တင်သွင်း ရောင်းချပေးနိုင်ရန် စီစဉ် ဆောင်ရွက်နေပြီ ဖြစ်သည်။ Apple အနေဖြင့် အရောင်းမြှင့်တင်နိုင်ရေး အတွက် ရည်ရွယ်ပြီး အဆိုပါ စမတ်ဖုန်း ပစ္စည်းသစ် မိတ်ဆက်ပွဲကို စက်တင်ဘာလ (၁၀) ရက်နေ့တွင် ကျင်းပနိုင်ရန် စီစဉ်လျက်ရှိကြောင်း AllThingsD သတင်း ၀က်ဘ်ဆိုဒ်တွင် ရေးသားထားမှုနှင့် ပတ်သက်ပြီး Apple မှ တာဝန်ရှိသူများ အနေဖြင့် တစုံတရာ ငြင်းဆိုခြင်း မရှိသေးပေ။

Apple အနေဖြင့် Sumsung နှင့်အပြိုင် မကြာမီ အချိန်ကာလအတွင်း ဖော်ပြပါ စမတ်ဖုန်းများနှင့် တခြား ဆက်စပ် ပစ္စည်းများ အပြင် Smart Watch များကိုပါ ဈေးကွက်အတွင်း ဖြန့်ဖြူး ရောင်းချနိုင်ရန် စီစဉ် ဆောင်ရွက်လျက် ရှိပြီး Apple အတွက် နည်းဗျူဟာ အသစ်အဖြစ် တန်ဖိုးနည်း IPhone များ ထုတ်လုပ်ရောင်းချကာ သုံးစွဲသူများအား ဆွဲဆောင်ကာ ဈေးကွက် ချဲ့ထွင်နိုင်ရန် ကြိုးပမ်းလျက် ရှိသည်။ ပြီးခဲ့သည့် သီတင်းပတ် အတွင်း Gartner မှ ထုတ်ပြန်သော လေ့လာ သုံးသပ်ချက် စစ်တမ်းအရ တကမ္ဘာလုံးဈေးကွက် အတိုင်းအတာဖြင့် ယခု နှစ်လယ်ပိုင်းအထိ Apple ၏ ရှယ်ယာတန်ဖိုးမှာ ၁၄.၂ ရာခိုင်နှုန်းသို့ ကျဆင်းခဲ့ရပြီး Sumsung ၏ ရှယ်ယာ တန်ဖိုးမှာ ၃၁.၇ ရာခိုင်နှုန်းအထိ မြင့်တက်ခဲ့ကြောင်း ၊ သတ်မှတ်ထားသည့် အချိန်ကာလအတွင်း စမတ်ဖုန်း အားလုံး၏ ၇၉ ရာခိုင်နှုန်းတွင် ဂူဂဲလ် Android စနစ်အား အသုံးပြုနေပြီ ဖြစ်ကြောင်း သိရှိရသည်။

Source: AFP
http://www.channelnewsasia.com/news/technology/apple-readying-two-iphone...


MRTV4

Comments

Popular posts from this blog

Huawei G730-U00 CWM Recovery (English) +SP Flash Tool

Huawei & CoolPad LCD ပြသနာ