ကမ္ဘာ့အကောင်းဆုံး Mobile Phone Software Download Websites

ကမ္ဘာ့အကောင်းဆုံး Mobile Phone Software Download Websites

ဒီကနေ့ခေတ်မှာ ကမ၊ာနှင့်အ၀န်း Mobile Technology များဟာ ကျယ်ကျယ်ပြန့်ပြန့် ခေတ်စားလာပါပြီ။ အပြိုင်အဆိုင် Hyper Competition တွေကြားမှာ မွေးဖွားလာကြတဲ့ Techno Generation (နည်းပညာမျိုးဆက်) လူငယ်တွေဟာ အရာရာမှာ သွားရင်းလာရင်း လွယ်လွယ်ကူကူလုပ်ဆောင်နိုင်တဲ့ Mobile Technology တွေကို မွတ်မွတ်သိပ်သိပ် ဆာလောင် နေကြပါပြီ။ Mobile Techno ရဲ့ ပင်မရေစီးကြောင်းဖြစ်တဲ့ Mobile Phone တွေရဲ့ ဈေးနှုန်း ကလည်း စာရေးသူတို့လို နိုင်ငံမျိုးတွေမှာတောင် တော်တော်များများ လက်လှမ်းမီနိုင်တဲ့ ပမာဏအထိ ကျဆင်းလာတာမို့။ ဒီတစ်လ knowledge bridge magazine စာဖတ်ပရိသတ်ကြီး အတွက် ကမ၊ာ့အကောင်းဆုံး Moblie phone software download website များ အကြောင်း ကို တင်ပြပေးလိုက်ရပါတယ်။

www.freewarepocketpc.net
ဒီဆိုက်ဟာ mobile phone တွေအတွက် သာမက ပဲ laptop, PDA စတဲ့ pocket pc တွေအတွက်ပါ applicati-on မျိုးစုံကို အခမဲ့ download ရယူနိုင်တဲ့ website မို့ mobile phone ရှိသူ၊ laptop ရှိသူတိုင်း မဖြစ်မနေ၀င် ကြည့်သင့်တဲ့ website တစ်ခုပါ။
www.cellular.co.za
ဒီဆိုက်ကတော့ mobile phone သုံးစွဲသူများ အတွက် အထူးလွှင့်တင်ထားတဲ့ website ပါ။ Motorola, Siemens, Nokia, Sony Ericsson, Samsung, Panasonic brand သုံးစွဲကြတဲ့ hand phone ပိုင်ရှင်တွေအတွက် picture, games, ringtone application မျိုးစုံကို download ရယူနိုင်ပါတယ်။ တစ်ခေါက်လောက် ၀င်ကြည့်လိုက်ပါ။
www.gallery.mobile9.com
ဒီဆိုက်မှာလည်း phone နဲ့ပတ်သက်တဲ့ feature, game, application မျိုးစုံကို download ရယူနိုင်ပြီး သူ့ရဲ့ ထူးခြားချက်က ကိုယ်က share လုပ်ချင်တဲ့ application တွေ၊ file တွေကိုလည်း upload ပြန်လုပ်ပေးလို့ ရပါတယ်။
www.youpark.com
ဒီ youpark.com က သူ့ရဲ့ moto ဆောင်ပုဒ်ဖြစ်တဲ့ 'Mobile software anytime anywhere' လို့ဆိုတဲ့အတိုင်း mobile နဲ့ ပတ်သက်တဲ့ application မျိုးစုံကို Java, Android, Palm OS, BlackBerry စတဲ့ Platform မျိုးစုံအတွက် Paid Download ရော၊ Free Download ရော ရယူနိုင် ပါတယ်။
www.nokia.co.uk
ဒါကတော့ ကမ၊ာကျော် hand phone company ကြီးတစ်ခုဖြစ်တဲ့ Nokia ရဲ့ တရားဝင်ဆိုက်ဖြစ်ပါတယ်။ Nokia hand phone မှန်သမျှအတွက် application တွေ၊ music တွေကို download ရယူနိုင်၊ုံသာမက နည်းပညာ ပိုင်းဆိုင်ရာ Technical support တွေကိုပါရရှိနိုင်ပါတယ်။
www.crazy4mobilez.com
ဒီ website ရဲ့ အဓိကထူးခြားချက်တွေကတော့ register လုပ်ရန်မလိုအပ်ခြင်း၊ One click downloading ပြုလုပ်နိုင်ခြင်း၊ အကန့်အသတ်မရှိ အခမဲ့ download ပြုလုပ်နိုင်ခြင်း၊ ပုံမှန် update ပြုလုပ်ပေးနေခြင်းတို့ပဲ ဖြစ် ပါတယ်။ ကဲ ကြိုက်မယ်ထင်ပါတယ်။

www.hovr.com
ဒီဆိုက်ကတော့ Mobile game အထူးပြု website ပါ။ သူ့ဆီမှာ member အဖြစ် register လုပ်ပြီး 'play free mobile games! win big prizes!' လို့ Home page မှာ ရေးထားတဲ့အတိုင်း mobile game မျိုးစုံကို ကစားပြီး ဆုတွေရယူနိုင်ပါတယ်။ ဒါ့အပြင် mobile game နဲ့ ပတ်သက်တဲ့ forum တွေကိုလည်း ၀င်ရောက်လေ့လာ နိုင်ပါသေးတယ်။
www.samsung.com
နာမည်ကျော် brand တစ်ခုဖြစ်တဲ့ samsung ရဲ့ တရားဝင်ဆိုက်ပါ။ Samsung brand phone မျိုးစုံအတွက် application တွေ၊ technical support တွေကို download ရယူနိုင်ပါတယ်။
mobilephone.e-favourite.com
ဒီဆိုက်မှာလည်း free ringtone တွေ၊ MP3 ring tone တွေ၊ software တွေ၊ game တွေ wallpaper တွေ၊ Vidoe တွေကို download ရယူနိုင်၊ုံသာမက။ နေ့စဉ် free gift တွေကိုပါ download ရယူနိုင်ပါသတဲ့။
www.mobiletones.com
ဒီဆိုက်ပေါ်မှာလည်း mobile downloads တွေ၊ mobile forum တွေ၊ mobile reviews တွေ၊ mobile blog တွေကို ၀င်ရောက်မွှေနှောက် ခံစားပြီး download ရယူနိုင် ကြမှာဖြစ်ပါတယ်။

Comments

Popular posts from this blog

COOLPAD 7060S Firmware

အကြောင်းအမျိုးမျိုးကြောင့် imei ပျောက်သွားလျှင်ပြန်ယူနည်း

C8815 network unlock & offical firmware install setup 2 error