Huawei နှင့် V Root ပြသာနာများ

Huawei နှင့် V Root ပြသာနာများ
=========================
ကျွှန်တော်တို့အခုနောက်ပိုင်းကြုံတွေ့နေရတဲ့ပြသာနာတွေကတော့
ံHuawei မှာတော်တော်များများတွေ့ကြုံနေရတဲ့ပြသာနာတခုပါပဲ.
မြန်မာစာအဆင်ပြေဖို့ Root ဖောက်ကြတယ်။တချို့ကနားလည်တယ်။
တချို့ကနားမလည်တာတွေလဲရှိကြပါတယ်။ကျွှန်တော်သိသလောက်လေး
တွေကိုအခုစာဖတ်ပရိသတ်များအတွက်ရှင်းပြပေးသွားပါ့မယ်
Root ဖောက်ခြင်းအားဖြင့် Android System ပိုင်းအချို့ကိုထိန်းချုပ်ထားတဲ့
အပိုင်းလေးတွေကိုဖွင့်ပေးလိုက်တာပါ။ အဲ့တော့ USer များအနေနဲ့သိထားရမှာက Huawei ဖုန်းတော်တော်များများဟာ Bootloader
unlock လုပ်ရတာများပါတယ်။ ခုနောက်ပိုင်းဝင်လာတဲ့ဖုန်းတွေကြတော့
အသစ်ဆိုရင် အရင်ဆုံး Sim card သိဖို့ Network unlock ဖြည်ရပါတယ်။
C800 ကိုင်တဲ့သူတွေအတွက်ပါ။ဘူးခွံမှာပါတက်ပါတယ်။သူ့ရဲ့ကုတ်တွေ
ကတော့ ဖုန်းဝယ်ပြီးလို့ C800 ကဒ်ထဲလို့ Code တောင်းတဲ့ B0x လေးတက်လာပြီးဆိုရင် ၀ယ်တဲ့ဆိုင်မှာမဖြည်ရသေးတာသေချာပါတယ်
ဒါပေမယ့်ကိုယ်မှာဆိုင်ပြန်သွားဖို့အခက်ခဲဖြစ်နေရင်မပူပါနဲ့ ဘူးခွံမှာအများအားဖြင့်ဘောပင်လေးနဲ့ရေးထားပေးတက်ပါတယ်။
1500 ကဒ် ပွင့်ဖို့အတွက် 1500 ကဒ်နဲ့ဖြည်ချလို့မရပါဘူး။ တချို့အလုံးတွေရသလို တချို့အလုံးတွေလဲမရပါဘူး။အနီးနားမှာ အရင် C800
ကဒ်လေးတွေရှိမယ်ဆိုရင်အဆင်ပြေပါတယ် 73 ကဒ်တွေပါ၏အရင်5သိန်း
တန်ကဒ်နဲပဖွင့်ရင်အဆင်ပြေပါတယ်။ ကဒ်ထဲပြီးကုတ်တွေရိုက်ပြီး Lock ဖြည်လိုက်ရင် 1500 ကဒ်အတွက်ကော ဆင်းကဒ်သိသွားပါပြီ။


ဒါက simcard သိဖို့ lock ဖြည်တာပဲရှိပါသေးတယ်။ Root ရဖို့အတွက်ကြတော့စိတ်ချရဆုံးကတော့ Bootloader
unlock လုပ်ပြီးမှ Root လုပ်တာပိုကောင်းပါတယ်။တချို့ကြတော့
Root မဖောက်ချင်သူများအတွက်ကတော့ Themes နဲ့ထည့်ရင်အဆင်ပြေပါတယ်။ သူကြတော့နောက်ခံပုံတွေ background
တွေပြောင်းလိုက်ရင်မြန်မာစာပြန်ပျောက်သွားတက်ပါတယ်။အဲ့ကြရင်
Them ကိုပဲပြန်ပြောင်းလိုက်ပါ.။ပြန်ရသွားပါလိုက်မယ်.
နောက်ဆုံးတခုကတော့ Bootloader
unlock မလုပ်ပဲ Vroot နဲ့တခါထဲအပြီးဖောက်လိုက်တဲ့သူတွေအတွက်ပါ။
မရဘူးလားလို့မေးလာရင် တကယ်တန်းတော့ရပါတယ်။ဆော့ဝဲလ့်တွေ
စမ်းချင်ကြတာများပါတယ်။ အဲ့တော့ applicationျေတွထွက်သမျှအကုန်စမ်း
နောက်တော့ဘာပြသာနာတွေတွေ့လာကြလဲဆိုတော့
ဖုန်းပြောရင်အသံပျောက်တာတို့ Wifi မရတော့တာတို့ Boot သေသွားတာတို့
တချို့ဆိုရင် power IC ထိသွားတဲ့ထိဖြစ်နိုင်ပါတယ်။
လက်ရှိတွေ့ကြုံနေရတဲ့ app လေးတွေကတော့ VRoot နဲ့ဖောက်ပြီးတွဲဖက်
ပြသာနာ app လေးတွေကတော့ Testkiller/ဖုန်းမလာပါနဲ့/ ငွေလက်ကျန်စစ်/အခြား System ညှိနိုင်မယ့်ဆော့ဝဲလ်းများကြောင့်ဖြစ်တာများပါတယ်။ killer ဆိုလဲသုံးလေးခုသုံးတာတို့စက်ပေါ့အောင်ဆိုပြီးသုံးကြတယ်။အမှန်တော့
တချို့တလေကိုယ်သုံးတာထားလေးတွေကိုရှင်းပေးယုံပါပဲ။တချို့ app တွေ
ကြတော့လဲ System ပိုင်းကိုပြတ်စေပါတယ်။ အဓိကကတော့ကိုယ့်ရဲ့ဖုန်းမှာ
မြန်မာစာရအောင် Root ဖောက်လိုက်ခြင်းဖြစ်တဲ့အတွက် application
တွေကိုစနစ်တကျတခုခြင်းရွေးခြယ်ပြီးအသုံးပြုသင့်ပါတယ်။
ဂီမ်းတွေကတော့ဘာမှမဖြစ်ပါဘူး။ System app လေးတွေကအဓိကသတိ
နဲ့အသုံးပြုဖို့ပါပဲ။
နောက်ဆုံးတခုကတော့ C8813 တို့ Y300C တို့မှာများတော့အားဖြင့်ကြုံတွေ့နေရတဲ့ပြသာနာလေးတခုပါ။အင်တာနက်သုံးသူတိုင်း Viber ကိုအသုံးပြုခြင်ကြပါတယ်။ Huawei အချို့မှာဘာဖြစ်လဲဆိုတော့ Viber ativate ရသွားရင် Viber ကကောင်းကောင်းပြောလို့ရမယ်။စာပို့လို့ရမယ်။ ပြသာနာကဘာလဲဆိုတော့
ဖုန်းရိုးရိုးခေါ်တဲ့ချိန်မှာကြတော့ဟိုဘက်ပြောတဲ့အသံကမကြားရတော့တဲ့ပြသာနာကြုံရမှာပါ။ အဲ့လိုဖြစ်ရင် Viber ကိုဖြုတ်ပြီး restart ချလိုက်ပါ။
ပြန်ကောင်းသွားပါလိုက်မယ်။ ရိုးရိုးဖုန်းကိုပြန်ခေါ်ကြည့်လိုက်ပါ။
ဟိုဘက်ကပြောတဲ့အသံပြန်ကြားရပါပြီ။ G610S /G610 / G700 /တို့မှာအဆင်ပြေပါတယ်။ System app တွေပဲ

သတိပြုပြီးအသုံးပြုပါ။ကျန်တာအဆင်ပြေပါတယ်။ဒီမော်ဒယ်တွေကြတော့ System ညှိရင်ပါဝါလုံးဝမနှိုး
ပဲ Boot သေတာတို့ Power IC လစ်သွားတာတို့ဖြစ်တက်ပါတယ်။
ဒီလောက်ဆိုရင်စာဖတ်ပရိတ်သတ်များအတွက်ရှင်းပြရကျိုးနပ်လောက်ပြီထင်
ပါတယ်။ကျွှန်တော်မအားတာနဲ့ Post တွေမရေးနိုင်တာများနေပါပြီ။
ဆက်လက်ကြိုးစားသွားပါအုံးမယ်။
============================

Comments

Popular posts from this blog

Huawei G730-U00 CWM Recovery (English) +SP Flash Tool

Huawei & CoolPad LCD ပြသနာ