Y320 firmware တင်နည်း

For-huawei-for-HUAWEI-y320-c00-3g-mobile-phone.jpg_350x350

ဖုန်းတစ်လုံးအတွက် stock recovery က ဘယ်လိုအရေးပါလဲဆိုတာ မရှင်းပြတော့ပါဘူး တော်တော်များများသိပြီးသားလည်းဖြစ်မှာပါ
အရင် အရင် ထွက်ခဲ့တဲ့ ဖုန်းတွေ Y210 series Y220 serires U9200 U9500 အစရှိတဲ့ဖုန်းတွေမှာ stock recovery က တော်တော်လေးအရေးပါပါတယ်
ဘာဖြစ်လို့လဲဆိုတော့ stock recovery သာမရှိရင် ဖုန်းကို official firmware ပြန်တင်လို့မရပါဘူး ။
ဒီနေ့လည်း ကျွန်တော့် services ဆိုင်ကို တပည့်တစ်ယောက်ရောက်လာပါတယ် Y320-C00 phone သုံးလုံးလည်းပါလာတာပေါ့။
သုံးလုံးမှာ တစ်လုံးက Dead, နှစ်လုံးက LOGO မှာရပ်နေတာ။ သူက ဆရာတဲ့ သူမလုပ်တတ်တော့လို့ ဒီဟာလေးတွေ firmware ပြန်တင်ပေးဖို့လာပြောတာ။
ကျွန်တော်လည်း အဲ့ဖုန်းတွေကို recovery ၀င်ကြည့်တော့ တစ်လုံးက ၀င်လို့ရတယ် ။ နောက်တစ်လုံးက ၀င်မရဘူး။
အဲ့တာနဲ့ ၀င်လို့ရတဲ့ဖုန်းကို အရင်ဆုံး firmware တင်လိုက်တယ်။ recovery ၀င်နည်းက power ကိုနှိပ်လိုက်ပါ vibreat တုန်ရင် power ကိုလွတ်ပြီး vol down ကိုဖိထား
ပြီးရင် စာတန်းသုံးခုပေါ်လာလိမ့်မယ်။
1. IN FAST BOOT MODE
2. IN RECOVERY MODE
3.EXIT ပါ။
IMG_20131202_191626
fastboot mode ၀င်ချင်ရင် fastboot mode စာကြောင်းကို vol up or down နဲ့ရွေးပြီး ၀င်မယ်ဆိုရင် (ပုံမှန်အတိုင်းဆို power ခလုတ်) အခုဖုန်းကျတော့ vol up
ခလုတ်ကို နှစ်စက္ကန့်လောက်ဖိထားလိုက်ရင် ၀င်ပါတယ်။ကျွန်တော်ကတော့ firmware တင်ဖို့အတွက် recovery ကိုရွေးပါတယ် ပြီးတော့ ၀င်လိုက်ပါတယ် ။
ပြီးတော့ Y320-C00 firmware ဖိုင်ကိုဒေါင်းလို့ရလာတဲ့ zip ကိုဖြည်လိုက်ရင် အထဲမှာ sdcard_update.zip ဆိုပြီးပါလာပါတယ်။ သူ့ကို ဘာမှ မပြင်ပါဘူး။
ကျွန်တော့်တို့ sdcard ထဲမှာသာ အရင်တုန်းက dload ဆောက်တာ အခု dload မဟုတ်တော့ပဲ image ဖိုင်ဆောက်ရပါတယ်။ အဲ့ image ဖိုင်ထဲမှာမှ
sdcard_update.zip ဆိုပြီးတော့ copy ယူပါတယ် firmware ကို။ ပြီးရင် sdcard ကို ဖုန်းထဲထည့်ပြီး ဒုတိယမြောက်အကြောင်း apply update from external storeage
/image/sdcard_update.zip ဆိုပြီးတင်ပါတယ်။ အောက်မှာ ဘားတန်းလေးပြေးပြီး firmware တင်လို့ပြီးသွားရင် reboot system now ကိုရွေးပေးလိုက်ပါ။
ဒါဆိုရင်တော့ Y320-C00 firmware တင်ခြင်းပြီးပါပြီး ။
IMG_20131202_192257
IMG_20131202_192322
ကဲနောက်တစ်လုံး recovery ပျက်နေတဲ့အလုံးကိုကျတော့ဘယ်လိုတင်မလဲ ???????????????????
ကျွန်တော်လိုက်ရှာကြည့်ပါတယ် အွန်လိုင်းမှာ stock recovery လည်းမတွေ့သလို custom recovery လည်းမတွေ့ပါဘူး။
အာ့နဲ့ ကျွန်တော်လည်း အကောင်းအလုံးထဲက backup ထုတ်ပါတယ်။ သူ့ recovery partation က block08 ပါ
အကောင်းအလုံးကို usb ကြိုးထိုးပြီးတော့ backup လုပ်ပါတယ်။ backup လုပ်ဖို့ root လိုတယ်နော် ။ root ကတော့သိတယ်မှတ်လား ထုံးစံအတိုင်း (Vroot) ပေါ့ :P (ပျက်မယ်နော်) ခ်ခ်
ကဲရိုက်ကမဲ့ comment လေးက
adb shell su -c “cat /dev/block/mmcblk0p8 > /sdcard/mmcblk0p8.img” ပါ။ ဒါဆိုရင် ကျွန်တော်တို့ sdcard ထဲကို mmcblk0p8 ဆိုတဲ့နာမည်နဲ့ img ဖိုင်လေးတစ်ခုရောက်လာပါပြီ။
ဟုတ်ပြီး အဲ့ img ဖိုင်လေးရပါပြီဆိုရင် ကျွန်တော်ဘာဆက်လုပ်မလဲ ? ခုနက recovery မကောင်းတဲ့ဖုန်းကို flash မှာပေါ့ ? fastboot ကနေပဲ flash ပါမယ်။
power နှိပ် virbreat တုန်ရင် vol down ဖိတယ် ပထမဆုံးအကြောင်းရွေးမယ် ပြီးရင် vol up ကိုဖိထားမယ်
IN FAST BOOT MODE
ဆိုပြီး pink screen မှာငြိမ်နေရင် ကြိုးထိုးလိုက်ပါ။ အဲ့တာ fastboot mode ပါ။
ပြီးရင်တော့ ခုနက recovery.img လေးကို fastboot folder ထဲထည့်ပီး rename ပေးပါ recovery.img ဆိုပြီး။ပြီးရင်
fastboot flash recovery recovery.img ဆိုပြီးရိုက်လိုက်ပါ။အောက်ကပုံအတိုင်းပါ ။
flashing
ပြီးရင်တော့ အပေါ်ကနည်းအတိုင်းပဲ firmware ပြန်တင်လိုက်ပါတော့နော် ok ;)
Y320C firmware ကိုလိုချင်ရင် ဒီမှာဒေါင်းနိုင်ပါတယ်။   Download Here !!!!!!!
Y320C stock recovery ကိုလိုချင်ရင် ဒီမှာဒေါင်းနိုင်ပါတယ်။ Download Here!!!!!!!
Create  ..........MMAS

Comments

Popular posts from this blog

Huawei G730-U00 CWM Recovery (English) +SP Flash Tool

Huawei & CoolPad LCD ပြသနာ