Sony Xperia z 4.3 myanmar font


Sony မှာ သူများထက်စိတ်ညစ်ရတာဆိုလို့ မြန်မာ ဖောင့်ပဲရှိတယ် ။ ကျွန်တော့်အတွက်ပေါ့ ။ အဆင်ပြေလည်း သူများတွေ အဆင်ပြေပီးမှ အဆင်ပြေတယ် ။ ဒါပေမယ့် ဘာဖြစ်ဖြစ် Sony Crazy အတွက်တော့ ဒါက စာမဖွဲ့လောက်ပါဘူး ။ :)
4.3 ကနေ စပီး Sony Xperia မှာလည်း မြန်မာစာ ပါလာပီး ဖြစ်ပါတယ် ။ ဒါပေမယ့် ပါလာတဲ့ ပိတောက် ဖောင့်က Unicode ဖောင့် ပြောရမယ်ဆို Standard ၁ခုရှိနေပီးဖြစ်တဲ့ font ပါ။ ဒါပေမယ့် ကျွန်တော်တို့ အသုံးအများဆုံး ဖောင့်က Zawgyi font ဆိုတော့ တိုင်ပတ်တာပေါ့ ။ အဲ့တော့ Zawgyi ပြန်ပြောင်းမှ အဆင်ပြေတယ် ။
ခုရေးပေးတာ Font Changer တွေ မသုံးပဲ Manual .. Root Explorer လေးကနေ System ထဲ သွားထည့်တာကိုပြောပါမယ် ။ အမှန်ကတော့ Bath file တို့ apk တို့ကနေ ပြောင်းလိုက်လို့ရပေမယ့် ကိုယ်မသိလိုက်တာလည်းပါတယ် ။ ၁ခုခု error တတ်လာပီဆိုလည်း ပြန်မရှင်းတတ်တာတွေကြောင့် Manual တင်တာလေးကိုပြောပြပါမယ် ။ Error တတ်လို့ ပြန်မရှင်းတတ်တာ ကျွန်တော့် ညံ့ဖြင်းမှုပါ ။
* Root (SuperSu) ရှိပီးသား ဖြစ်နေဖို့လိုပါတယ် ။
ပထမဆုံး လိုအပ်တဲ့ File လေးတွေ Down ထားလိုက်ပါ ။

*****************************************
*****************************************

Myanmr Font ဘယ်လောက်မှန်လဲ ဆိုတာ 

၁ ။ Root Explorer v3.1.1 .apk နဲ့ fepfz(v2.1).apk  ကို Install လုပ်ပါ ။

၂ ။ 2008 4.3 Zawgyi font ကိုဒေါင်းလိုက်လို့ရလာတဲ့ Padauk.ttf ( နာမည်ပြောင်းရတာ အဆင်မပြေမှာဆိုးလို့ ၁ ခါတည်းပြောင်းပေးထားတာပါ ) ဆိုတဲ့ font လေးကို SD Card ထဲကိုကူးထည့်ပါ ။

၃ ။ Root Explorer ကိုဖွင့် . ထည့်ထားတဲ့ SD Card နေရာက Padauk.ttf ကိုနှိပ်ထားပီး Copy လုပ်ပါ။

၎ ။ ပီးရင် အပေါ်ဆုံးက Parent folder ကနေ ထွက်ပါ . Root ကိုရောက်သွားပါမယ် ။ Root ရောက်ပီဆိုရင် System > fonts ထဲဝင်ပါ ။


၅ ။ အပေါ်က ပုံမှာ အနီနဲ့ ဝိုင်းပြထားတဲ့ အပေါ်ဘက်က Mount R/O ဖြစ်နေရင် အဲ့ဒီ Button လေးကိုနှိပ်လိုက်ပါ Mount R/W ပြောင်းသွားပါလိမ့်မယ် ။ SuperSu acc တောင်းရင် Yes ပေးလိုက်ပါ ။

၆ ။ အောက်က Copy Here ဆိုတာလေးကို နှိပ်လိုက်ပါ ။ ဒါဆိုရင် သူက ရှိပီးသား Replace လုပ်မလားမေးလာရင် Yes ဆိုပီး Replace လုပ်လိုက်ပါ ။ ( သဘောကတော့ အရင်ဖောင့်နေရာမှာ အခုဖောင့်လေးကို အစားထိုးလိုက်တာပါ )

၇ ။ ဖုန်းကို Restart လုပ်လိုက်ပါ ။ ပြန်တတ်လာရင် မြန်မာစာ တော်တော်လေးကို မှန်သွားပါလိမ့်မယ် ။ ဒါပေမယ့် Facebook ရဲ့ Group လိုနေရာမျိုး တ ချို့နေရာတွေမှာ (eg . အမေ နေရာမှာ အေမ) လိုမှားနေတာ ရှိတတ်ပါတယ် ။ အဲ့လိုမှားနေတယ်ဆိုရင် fepfz ကိုဖွင့်လိုက်ပါ ။

၈ ။ သူ့ User ဘက်က ဖြစ်တဲ့ဟာတွေ တာဝန်မယူကြောင်း ရေးထားတာတွေကို I Agree လုပ်ပါ ။ ပီးရင် PATCH(v2) and Reboot ကိုနှိပ်လိုက်ပါ ။
* Sony ဖုန်းအားလုံးနဲ့ အဆင်ပြေချင်မှပြေပါလိမ့်မယ်
* Xperia Z ကိုတော့ PATCH(v2) နဲ့အဆင်ပြေပါတယ်
* Fepfz က ဘယ်လိုအလုပ်လုပ်လဲဆိုတော့ 4.3 Jelly Beam ရဲ့ Unicode Myanmar font Correction ဖြစ်တဲ့ Funtion ကို Patch ထုတ်ပီး အလုပ်မလုပ်ခိုင်းတာပါပဲ ။
၉ ။ ဖုန်း Restart ပြန်တတ်လာပီဆိုရင် သဝေထိုး တွေ တခြားအရာတွေ နေရာမှားတဲ့ Error ကိုရှင်းပီးသားဖြစ်နေပါပီ ။

အားလုံးပဲ အဆင်ပြေကြပါစေဗျာ ။

* ခု ဖောင့်မှာ "ျု  ".. ဆိုရင် အရမ်းကပ်နေတယ် ။  " ဿ  "  ဆိုရင် Space မယူတဲ့အတွက် နောက်ကစာလုံးတွေ သူ့နေရာဝင်ယူတဲ့အတွက် စာတွေထပ်ကုန်တယ် ။ ၉၀% မှန်တယ်လို့ထင်ပါတယ် ။ 

* Htc Font ပါ စမ်းသုံးချင်သုံးလို့ရအောင်ပါ ။ စမ်းမယ်ဆို Down ပီးရင် Padauk.ttf အနေနဲ့ ပြောင်းရပါ့မယ် ။

** ခုနည်းက တခြား fonts patch , Batch , apk , တွေ နဲ့လုပ်ပီးသားဆို ဘာမှပြောင်းမှာမဟုတ်ပါဘူး ။

Comments

Popular posts from this blog

Huawei G730-U00 CWM Recovery (English) +SP Flash Tool

Huawei & CoolPad LCD ပြသနာ