WCDMA(3G network ) support

 Huawei ဖုန်းတွေအတော်များများမှာ WCDMA(3G network ) support လုပ်ပေမဲ့ အင်တာနက်သုံးရင် H မပေါ်ဘဲ E သာပေါ်ပြီး လိုင်းနေနေသူတွေအတွက်ပါ
Huawei ဖုန်းတွေအတော်များများမှာ WCDMA(3G network ) support လုပ်ပေမဲ့ အင်တာနက်သုံးရင် H မပေါ်ဘဲ E သာပေါ်ပြီး လိုင်းနေနေသူတွေအတ
ွက်ပါ။ တချို့ဖုန်းအမျိုးစားတွေမှာ *#*#4636#*#* ခေါ်လို့ရပေမဲ့ Huawei ဖုန်းအမျိုးစားတော်များများမှာခေါ်လို့မရပါဘူး။ နောက်ပြီးတော့ Phone information ခေါ်လို့ရတဲ့ Huawei ဖုန်းတွေမှာထဲမှာတောင် Network Type တွေဖြစ်တဲ့ wcdma only Mode ကိုချိန်းချင်ပေမဲ့နှိပ်လို့မရဘဲ မှောင်နေတတ်ပါတယ်။။
ဒါကြောင့် အင်တာနက်ကို H လေးပေါ်ပြီး မြန်မြန်ဆန်ဆန်သုံးချင်တယ်ဆိုရင်

1- Radio Band ကိုချိန်းရမှာဖြစ်ပါတယ်။

2- *#*#4636#*#* ဖြင့်ဝင်လို့မရသူတွေကတော့ အောက်မှာပေးထားတဲ့link
က Radio Switcher လေးသုံးပြီးဝင် Phone Information ထဲကို ၀င်ပါ ။
(*#*#4636#*#* ဖြင့်ဝင်လို့ရတဲ့သူတွေအတွက်တော့ ဒီ app သွင်းရန်မလိုပါ )

3- Phone Info ထဲရောက်လျှင် မျဉ်းသုံးကြောင်း(Menu Key)လားဘယ်လိုခေါ်မှန်းမသိတဲ့
ခလုတ်ကိုနှိပ်လိုက်ပါ..။

4- ပြီးရင် Select radio band ဆိုတာလေးကိုနှိပ်ပြီး radio band တွေရွေးရမှာပါ။။

5- ပေါ်လာတဲ့ box လေးမှာ JAPAN Band ကိုရွေးလိုက်ရင်ဖုန်းလိုင်းခဏပြောက်သွားပြီး ပြန်ပေါ်လာပါလိမ့်မယ်။။ ပြီးရင် Internet ဖွင့်ပြီးစမ်းကြည့်လိုက်ပါ။

E ဆိုတာလေးကနေ H ကလေးပေါ်ပြီး တခြားဖုန်းတွေလို အင်တာနက်မြန်မြန်ဆန်သုံးနိုင်ပါပြီ။။

အခုပိုစ့်ဟာ 2G3G/Wcdma/HSDPA/UMTS အထောက်ပံပေးတဲ့ ဖုန်းတွေထဲမှ network Type ပြောင်းလို့မရတဲ့ ဖုန်းတွေအတွက်သာအသုံးဝင်ပါသည်။။

WCDMA Network ချိန်းသုံးလျှင် အင်တာနက်လိုင်းမြန်ဆန်ပေမဲ့ ဖုန်း signal နည်းသောကြောင့် နဂိုGSM အတိုင်းပြန်ပြောင်းသုံးချင်လျှင် ထိုနည်းအတိုင်း Radio Band ကို Automatic ပြန်ချိန်းပေးလိုက်လျှင်ရပါပြီ။။

Comments

Popular posts from this blog

COOLPAD 7060S Firmware

အကြောင်းအမျိုးမျိုးကြောင့် imei ပျောက်သွားလျှင်ပြန်ယူနည်း

C8815 network unlock & offical firmware install setup 2 error