G610 uoo Error


ရေဝင်ခြင်းကြောင့် ဖြစ်တတ်တဲ့ Huawei G610 U00 ဖုန်းအကြောင်း
ပြောပြချင်ပါတယ် ... ကျွန်တော်လဲ G610 နဲ့ တော်တော်ကြီး ခေါင်းပူခဲ့ဖူးပါတယ်
ပါဝါဖွင့်လိုက်ရင် new:safe old:risk ဆိုတဲ့ စာလေးနှစ်ကြောင်းပဲ ပေါ်တဲ့အခါပေါ်လိုက်
ဖန်းဝဲ တက်လာပြန်ရင်လဲ ဘယ်ဘက်အောက်နားမှာ SAFE MODE ဆိုတဲ့
စာကြောင်းလေး ပေါ်တဲ့အခါ ပေါ်လိုက် ဖြစ်နေတတ်တဲ့ အကြောင်းလေးပါ
.............................................................................................
G610 U00 ကို မျက်လုံးတွေ ပြာနေတဲ့အထိ ကြိုးစားပြင်ခဲ့ဖူးပါတယ်
Vol down Error ထင်လို့ hardware ပိုင်းကို အသေးစိတ် လိုက်ခဲ့ဖူးပါတယ်
နောက်ဆုံးတော့လဲ flash tools firmware နဲ့ အဆင်ပြေခဲ့ပါတယ်
Dead နေတဲ့ ဖုန်းကိုတောင် flash tools firmware နဲ့ ပြန်တင်လို့ ရခဲ့တယ်ဗျ
Huawei Y511 U00 ကိုလဲ အဆင်ပြေခဲ့ဖူးတယ် .....
ဒီတခါလာတဲ့ G610 U00 ဖုန်းက ဖွင့်လိုက်ရင် new:safe old:risk ပဲ
ပေါ်နေပြီး ဖန်းဝဲ တက်မလာတော့ပါဘူး ...
flash tools firmwae တင်ဖို့လုပ်တော့ flash tool က မသိတော့ဘူးဗျ
dload နဲ့လဲ တင်လို့မရ recovery လဲ ဝင်လို့ မရတော့ဘူး ...
ဒါဆိုရင်တော့ hardware ပိုင်းစစ်မှ ဆိုပီး ဖြုတ်စစ်ပါတယ်
Supply ချိတ်ပြီး စမ်းကြည့်တော့ ...
power ငုတ်မှာ 3.58V , vol up ငုတ်မှာ 1.7V နဲ့ vol down မှာ 2.6V ရှိနေတယ်
ခဏနေ ပြန်တိုင်းတော့ ဗို့တွေ ပြောင်းနေပြန်ရော ပုံမှန် မပြဘူးဖြစ်နေတယ်
Digital မသေချာမှာစိုးလို့ Analog မီတာ ပြောင်းတိုင်းတယ် မမှန်ဘူးဖြစ်နေတယ် ...
ဒါဆိုရင် ဗို့အားပေးလမ်းကြောင်းမှာ တခုခု လွဲနေပြီပေါ့
အိုင်စီတလုံးလုံးက overload ဆွဲနေလို့ဖြစ်နိုင်မလား
ဗို့အားလမ်းကြောင်းက ဗို့အားတည်ငြိမ်အောင် ထိန်းပေးတဲ့ ကွန်ဒင်ဆာ (Condenser)
တွေများ ယိုစိမ့်မှု (ရှော့ဖြစ်တဲ့အဆင့် မရောက်သေး) ဖြစ်နေသလား
သတ်မှတ်ဗို့ တည်ငြိမ်အောင် ထိန်းပေးတဲ့ ဇီနာဒိုင်အုတ် (Zener Diode) ပွင့်နေသလား
(ဇီနာဒိုင်အုတ် ရှော့ဖြစ်ရင်တော့ လုံးဝ ရှော့ကျပြီး ပါဝါဆပ်ပလိုင်းက အော် နေပါလိမ့်မည်)
ဖြစ်နိုင်ခြေတွေ စဉ်းစားကြည့်ပါတယ် ...
..............................................................................................................
ဘက်ထရီငုတ်အရင်းနားက စပြီး ဒိုင်အုတ် ဇီနာဒိုင်အုတ် ရီစစ္စတာ ကွန်ဒင်ဆာ များကို
တလုံးချင်း ဖြုတ်တိုင်းကြည့်ပါတယ် ...
ပုံထဲမှာ ပြထားတဲ့ ဇီနာဒိုင်အုတ်တလုံးကလွဲရင် အားလုံး ကောင်းနေပါတယ်
ဇီနာဒိုင်အုတ်က ပွင့်(open) ဖြစ်နေပါတယ် ဇီနာဒိုင်အုတ်ကို ပုံစံတူ ပြန်ရှာတတ်ပြီး
ကျန်တာအားလုံးကိုလဲ ပြန်တတ် စမ်းကြည့်ပါတယ်
ပါဝါဆပ်ပလိုင်းချိတ်ပြီး power , vol up နဲ့ vol down လမ်းကြောင်းတွေမှာ
ဗို့တွေ တိုင်းကြည့်လိုက်တော့
power = 3.58V , vol up = 2.7V နဲ့ vol down = 3.27 ဖြစ်သွားပါတယ်
ခဏစောင့်ပြီး ပြန်တိုင်းတော့လဲ အဲဒီဗို့ ဝန်းကျင်လောက်ပါပဲ
ပါဝါနှိုးလိုက်တယ် ဗို့တွေ တိုင်းကြည့်တော့
power = 3.58V , vol up = 1.7V နဲ့ vol down = 1.7V ငြိမ်နေပါတယ်
ပါဝါဆပ်ပလိုင်းမှာလဲ ပုံမှန် Amp အတိုင်းတက်လာပြီး 0.6A အထိ တက်လာပါတယ်
ပစ္စည်းစုံ ပြန်တတ်ပြီး နှိုးစမ်းလိုက်တော့ ပုံမှန်အတိုင်းပဲ ပွင့်လာပါတော့တယ် ...
power , vol up , vol down ခလုတ်အားလုံး ပုံမှန် အတိုင်းပဲ အလုပ်လုပ်ပါတယ်
ဘက်ထရီကို ဖြုတ်လိုက် နှိုးလိုက် ပြန်ဖြုတ်လိုက် နှိုးလိုက် အကြိမ်ကြိမ်စမ်းကြည့်တယ်
ပုံမှန်အတိုင်းပဲ ပွင့်လာပါတယ် ... လုံးဝ ပြန်မဖေါက်တော့ပါဘူး .....
ပို သေချာအောင်လို့ flash tools firmware ပြန်တင်တော့ တင်လို့ ရသွားပါတယ် ...
...........................................................................................................
အဲဒီမှာ ဖြစ်နိုင်ခြေတခုကို တွေးမိတယ် ... ကျွန်တော့်အတွေးပါ
ဟုတ်ချင်မှလဲ ဟုတ်မှာပါ
အီလက်ထရွန်းနစ်ပစ္စည်းတွေဟာ ပါဝါစနှိုးလိုက်တဲ့အချိန်မှာ ဝန် (load) ဆွဲတတ်ပါတယ်
(ဥပမာ CRT TV တွေဆိုရင် ပိုသိသာပါတယ် မီးအားတချက် ဆောင့်ဆွဲတတ်ပါတယ်)
အဲဒီအချိန်မှာ Amp မတောင့်ရင် ဆက်မနိုးပဲ ပြုတ်ကျတတ်ပါတယ်
ဖုန်းထဲက ဗို့အားပေးလိုင်းမှာလဲ ဝန် စဆွဲတဲ့အချိန်မှာ တောင့်ခံနိုင်အောင်
ဇီနာဒိုင်အုတ်နဲ့ ထိန်းထားတယ် (ကျွန်တော် ထင်တာပါ)
အဲဒီ ဇီနာဒိုင်အုတ် ပွင့်နေပြီး အလုပ်မလုပ်နိုင်တော့ ဗို့အား မငြိမ်နိုင်တော့ပါဘူး
အဲဒါကြောင့် Key လမ်းကြောင်းတွေမှာ ဗို့မမှန်တော့ အလုပ်လုပ်ပုံ မမှန်ပဲ
ပွင့်ချင်သလို ပွင့်နေတယ်လို့ တွေးမိတာပါ .....
.............................................................................................................
Error တခုဖြစ်လာရင် Power IC , eMMC ဆိုပြီး အကြီးကြီးတွေ
သိပ်တွေးတတ်ကြတာကို တွေ့ရတတ်လို့ပါ
အားလုံးကို ဒီအတိုင်းဖြေရှင်းရင် ရနိုင်မယ်လို့ မပြောလိုပါဘူး
အခြေခံလေးတွေက စပြီး စဉ်းစားကြည့်စေချင်လို့ပါဗျ
ဘယ်သူ့ကိုမှ မရည်ရွယ်ပါဘူး ............................
ဒီ solution အတွက် သဲလွန်စ ပေးခဲ့တဲ့ ဦးမောင်နိုင်ရဲ့ အဖွဲ့ထဲက
ကိုဂျလုံးဘလုံး နဲ့ ကိုညာဏ်ဝင်းထွန်းကိုလဲ ကျေးဇူးတင်ပါတယ်
တချို့ အကြောင်းအရာလေးတွေက အများသိအောင် ပြောဖို့ မသင့်ပေမယ့်
သင်္ကြန်ရေစိုဖုန်းတွေနဲ့ တိုင်ပတ်နေကြမယ့် အတွေ့အကြုံနဲသေးတဲ့
ညီငယ်များကို ရည်ရွယ်ပြီး ပြောပြခြင်းပါ စာအရှည်ကြီး ဖတ်ရလို့ ဆောရီးပါဗျ
မှားတာ လိုအပ်တာ ရှိရင်လဲ ဖြည့်စွက် ထောက်ပြကြပါဦးခင်ဗျာ .....
 Credit..by 
Ko Soe Myat Thu

Comments

Popular posts from this blog

Huawei G730-U00 CWM Recovery (English) +SP Flash Tool

Huawei & CoolPad LCD ပြသနာ