HUAWEI G730-C00 Blue Screen Error ဖြေရှင်းနည်း



  • ကြာတော့လဲကြာခဲ့ပါပြီ၊ဒါပေမယ့်မသိသေးတဲ့သူလဲရှိနေဆဲမို့  ဆရာသမားတို့ မျက်စိ
    နောက်သွားရင်ခွင့်လွတ်ပေးပါခင်ဗျာ
    ဒီလိုပါ HUAWEI G730-C00 တွေမှာမဲနယ်ပုံးထဲပြုတ်ကျတဲ့ကိစ္စပါ။
    တစ်ချို့ က ပါဝါဖွင့်ပြီး logo ပေါ်ပြီးမှဖြစ်တာပါ။တစ်ချို့ ကြ battery တတ်လိုက်တာနဲ့
    ပါဝါတန်းပွင့် ပြီး blue screen တန်းတက်သွားတတ်ပါတယ်။ဒီနေရာမှာပုံစံနှစ်မျိုးကွဲနေ
    တာသတိထားထားမိပါတယ်။တကယ်လို့ ပုံမှန်အတိုင်းပါဝါဖွင့်လို့  logo တက်ပြီး ပြာသွားတာဆိုရင် CPU ဘေးမှာ 1.9v,2.5v တွေပုံမှန်ရောက်နေပါမယ်။ အနီရောင်
    ကွိုင်လေးပြထားတဲ့နေရာမှာ 1.1v ပျောက်နေတဲ့အတွက် CPU VCC C2 ဗို့ ပျောက်
    ပြီးအပြာပြင်ကြီးဖြစ်သွားတာပါ။အဲဒီ VCC C2 ကိုထုတ်ပေးတာက 6335D ဆိုတဲ့အိုင်စီ
    သေးသေးလေးပါ။ အဲဒီအိုင်စီလေးမှာပင် ၂၀ ပါပါတယ်။ပင် ၁၁၊၁၂ နဲ့ ၁၉၊၂၀ က
    battery ကလာတဲ့3.5v ပေးသွင်းထားပါတယ်။ပင် ၁၊၂၊နဲ့ ၉၊၁၀ ကတော့boot coil
    လေးတစ်လုံးခံပြီး CPU အတွက်လိုအပ်တဲ့ 1.1v ကိုထုတ်ပေးပါတယ်။ပင် ၆နဲ့ ပင်၁၇
    တွေမှာတော့ r လေးတစ်လုံးစီခံပြီးPMU ကလာတဲ့ 1.9v ကိုပေးသွင်းထားပါတယ်။
    ပင်၃၊၄ နဲ့ ၇၊၈ ကတော့ ground ပင်တွေပါ။
    ဒီလိုအခြေအနေမှာ 1.1v ပျောက်ရင် PMU ဘေးနားက 1.1v ထွက်တဲ့ကွိုင်လေးတစ်လုံး
    ဆီကနေ diode ခံပြီး jumper ကျော်ကြည့်လို့ ရပါတယ်။6335D ကိုလဲကြည့်ရင်လဲရနိင်ပါတယ်။ 610 -C00 တွေမှာလဲဒီအိုင်စီပဲသုံးပါတယ်။
    တကယ်လို့  battery တတ်လိုက်တာနဲ့ ပါဝါတန်းတက်တဲ့အလုံးကိုတော့ jumper
    ကျော်လို့ မ၇နိင်ပါဘူး။ဒီကောင်တွေဆိုရင် PMU အရင်လဲကြည့်လိုက်ပါ။ပြန်ကောင်းသွား
    နိင်ပါတယ်။
    အားလုံးပဲအဆင်ပြေကြပါစေ။

Comments

Popular posts from this blog

Huawei G730-U00 CWM Recovery (English) +SP Flash Tool

Huawei & CoolPad LCD ပြသနာ