Huawei Phone ပျောက်သွားသည် ရှိသော် Contact များ ပြန်ယူနည်း (or) မိမိရဲ့ချစ်သူ(Huawei ကိုင်ထားရင်)အင်တာနက် သုံးလိုက်တာနဲ့ ဘယ်နေရာမှာ ရှိနေလဲဆိုတာ ဖော်ပြခြင်း (တိကျစွာ ဖော်ပြခြင်း)


=======================================
ဒီနည်းလေးကတော့ Huawei Phone Model အမြင့်ဖုန်းတွေမှာဘဲ အသုံးပြု
လို့ရပါတယ်။ရှင်းရှင်းပြောရမယ်ဆိုရင် Settings ထဲမှာ Huawei Cloud+
ပါရင် အသုံးပြုလို့ရပါတယ်။ iOS မှာ iCloud ပါသလို Huawei မှာလည်း
Huawei Cloud+ ပါပါတယ်။ မပါတဲ့ ဖုန်းဆိုရင် မရပါဘူးခင်ဗျာ။
အဆင့်(၁) Huawei Cloud+ မှာ member ၀င်ထားရပါမည်။ member
မ၀င်ရသေးပါက Settings ထဲက Huawei Cloud+ ထဲကို ၀င်လိုက်ပါ။
ပြီးရင် Log in ထဲကိုဝင် Account မရှိသေးပါက Add account ကို နှိပ်ပေးပါ။
ပြီးရင် Register ကိုနှိပ်လိုက်ပါ။

အဆင့်(၂) အဲဒီမှာ Email နဲ့ Register လုပ်မလား ဒါမှမဟုတ် Phone number
နဲ့ Register လုပ်မလား မေးပါလိမ့်မည်။ အဆင်ပြေတာနဲ့လုပ်ပါ။ ကျွန်တော်ကတော့ ကျွန်တော့်ဖုန်းနံပတ်နဲ့ဘဲ Register လုပ်မှာ ဖြစ်တဲ့အတွက် Phone number ကို အမှန်ခြစ်ထည့်ပြီး အောက်က I acknowledge that I am at least 16years of age မှာ အမှန်ခြစ်ထည့်ပြီး Next ကို နှိပ်လိုက်ပါတယ်။
အဆင့်(၃) Register using phone number ဆိုတဲ့ စာမျက်နှာ တစ်ခုရောက်သွားပါလိမ့်မည်။အဲဒီမှာ Myanmar ရွေးပြီးသားပါ။ အောက်က ဖုန်းနံပတ်နေရာမှာ မိမိရဲ့ဖုန်းနံပတ်ကို ထည့်ပေးပါ။
ဖုန်းနံပတ် ထည့်တဲ့အခါမှာ အရှေ့က 0 ကို ချန်ခဲ့ပါ။(ဥပမာ -9254115050) ထည့်ပြီး Next ကိုနှိပ်ပေးပါ။ မိမိရဲ့မက်ဆေ့ထဲကို +85264506503 နဲ့စတဲ့ ဂဏန်းနဲ့ Your cloud+ verification code is 2115 ဆိုပြီး mail ပို့ပေးပါလိမ့်မည်။ အဲဒီ code ကို ခုနက နေရမှာ ထည့်ပေးရမှာ ဖြစ်ပါတယ်။
ထည့်ပြီးရင် next ကို ဆက်နှိပ်လိုက်ပါ။ မိမိထားချင်တဲ့ password ထည့်ပေးရမှာ ဖြစ်ပါတယ်။ Password ထည့်ပြီးရင် အသုံးပြုလို့ရပါပြီခင်ဗျာ။ Huawei Cloud+ မှာ member ၀င်ပြီးသွားပါပြီ။ မိမိရဲ့ account က 00959254115050 နဲ့စရင် စမယ် ဒါမှမဟုတ် 9254115050 နဲ့ စပါလိမ့်မည်။ username က အဲဒါပါ။ password ကတော့ မိမိထည့်ခဲ့တဲ့ password ပါ။ Huawei Cloud မှာ
member ၀င်ပြီးသွားပြီဆိုရင် online storage 5GB ရရှိမှာ ဖြစ်ပါတယ်။
အဆင့်(၄) member ၀င်ပြီးသွားပြီဆိုရင် Settings ထဲက Huawei Cloud+ ထဲကို ၀င်လိုက်ပါ။မိမိဖုန်းထဲမှာ ရှိတဲ့ Contact တွေကို Huawei Cloud ထဲမှာ သိမ်းထားချင်ရင် Contact bar လေး ကို on ပေးထားလိုက်ပါ။ မိမိရဲ့ဖုန်း အင်တာနက် စစဖွင့်လိုက်တာနဲ့ တစ်ပြိုင်နက် မိမိဖုန်းထဲမှာ
ရှိတဲ့ Contact ဖိုင်တွေကို Auto Save ပေးသွားမှာ ဖြစ်ပါတယ်။ ချွန်းချက်အနေနဲ့ မိမိရဲ့ Contact ဖိုင်တွေဟာ SimCard ထဲမှာ သိမ်းထားရင် ဖုန်းမက်မိုရီထဲ ပြန်ထည့်လိုက်ပါ။ အဲဒါမှ Huawei Cloud မှာ Save လုပ်လို့ရမှာ ဖြစ်ပါတယ်။ Contact တစ်ခု မှတ်လိုက်တာနဲ့ တစ်ပြိုင်နက် Huwei Cloud က Auto Save ပေးသွားမှာပါ။ Huawei Cloud မှာ member ၀င်ထားတဲ့အတွက် မိမိဖုန်းပျောက်သွား သည်ရှိသော် Contact တွေကို Huawei Cloud Server ကနေ ပြန်ယူလို့ရပါတယ်။ အဲဓိကက မိမိရဲ့ account နဲ့ password နဲ့ မမေ့ပါစေနဲ့။ မေ့ရင်တော့ ပြန်ယူလို့မရပါဘူး။ ထူးခြားချက်အနေနဲ့ မြန်မာလို
မှတ်ထားတဲ့ Contact ဖိုင်တွေကို မိမိဖုန်းပျောက်သွားလို့ Huawei Cloud ကနေ ပြန်ပြီး Restore ပြန်လုပ် တဲ့အခါမှာလည်း မြန်မာလို ပြန်ပေါ်ပါတယ်ခင်ဗျာ။
အဆင့်(၅) မိမိဖုန်းပျောက်သွားသည်ရှိသော Huawei Cloud Server ကနေ ပြန်ရှာလို့ရပါတယ်။ဒါမှမဟုတ် မိမိချစ်သူက Huawei Phone ကိုင်ထားရင် အဲဒီဖုန်းမှာ member ၀င်ထားပြီးတော့ Huawei Cloud+ ထဲက
Phone Finder ကို သွား On ထားပေးလိုက်ပါ။ အဲဒါဆိုရင် မိမိချစ်သူ ဘယ်နေရာကနေ Chat နေလဲဆိုတာေ ဖ်ာပြပေးပါလိမ့်မည်။ မိမိဖုန်းပျောက်သွားရင်တော့ ကောက်ရတဲ့လူက အင်တာနက်သုံးတော့မှဘဲ အဲဒီဖုန်းကို Location နဲ့ရှာလို့ရမှာ ဖြစ်ပါတယ်။ ပြီးတော့ အဲဒီဖုန်းကိုလည်း Lock တစ်ခါတည်း တန်းချလို့ရတယ်။ပြီးတော့ အဲဒီဖုန်းကိုလည်း ဖုန်းပြန်ပေးဖို့ မက်ဆေ့လည်း ပို့လို့ရပါတယ်။ဒါပေမဲ့သူအင်တာနက်သုံးမှဘဲ ရပါလိမ့်မည်။
ပြီးတော့ အဲဒီဖုန်းထဲက အ၀င် call တွေ အထွက် call တွေကိုလည်း ကြည့်ချင်ရင် Settings>Huawei Cloud+>Data backup>Automatic backup လေးကို On ပေးထားလိုက်ပါ။ အဲဒါဆိုရင်လည်း အ၀င် call တွေ အထွက် call တွေ ကြည့်လို့ရပါတယ်။
မိမိဖုန်း ပျောက်သွားရင် အထဲထဲက Contact ဖိုင်တွေကို ဘယ်လို ပြန်ယူမလဲ
==========================================
ဒီခေါင်းစဉ်နဲ့ ပက်သက်ပြီး မိမိရဲ့ Huawei Phone မှာ Huawei Cloud+ member ၀င်ထားရင်တော့ ပြန်ယူလို့ ပါတယ်။ မိမိရဲ့ Account နဲ့ Password သိရင် ရပြီ။ အဲဒါဆိုရင် လုပ်ငန်းစဉ် စပါမယ်။ hicloud.com ထဲကို ၀င်
လိုက်ပါ။ အဲဒီမှာ မိမိရဲ့ account နဲ့ Password ထည့်ပါ။ ပြီးရင် Verification နေရမှာ ဘေးက စလုံးကို မှန်အောင်ထည့်ပေးပါ။ ပြီးရင် Log In ကို နှိပ်လိုက်ပါ။ မိမိအကောင့် ၀င်သွားပြီဆိုရင် http://cloud.huawei.com/hk/contact အဲ
ထဲကို ဆက်ဝင်လိုက်ပါ။ မိမိ ရဲ့ Contact ဖိုင်တွေကို တွေ့မြင်ရမှာ ဖြစ်ပါတယ်။တွေ့ပြီဆိုရင် အားလုံးကို Select မှတ်ပြီးဟိုးအပေါ်ဆုံးအတန်းမှာ More ရှိတယ်။ အဲဒါလေးကို နှိပ်လိုက်ပါ။ မိမိရဲ့ Desktop ပေါ်ကို ပို့မယ်ဆိုရင် Export ကို နှိပ်
ပေးလိုက်ပါ။ Desktop ပေါ်ကို vcf ဖိုင်နဲ့ ရောက်သွားပါလိမ့်မည်။ ဖုန်းထဲကို ပြန်ထည့်ချင်တယ်ဆိုရင် moborobo တို့ mobilego တို့သုံးပါ။ တကယ်လို့များ moborobo တို့ mobilego တို့မရှိရင် အဲဒီ vcf ဖိုင်တွေကို sd card ထဲထည့်ပြီ။
contact ထဲကနေ restore ပြန်လုပ်ပေးလိုက်ပါ။ မိမိရဲ့ Contact ဖိုင်တွေ ပြန်လည် ရရှိမှာ ဖြစ်ပါတယ်။
မိမိရဲ့ ချစ်သူ (Huawei Phone) ကို ဘယ်နေရာကနေ သုံးလဲဆိုတာ ဘယ်လိုရှာမလဲ။ ဒါမှမဟုတ် မိမိဖုန်း ပျောက်သွားရင် ဘယ်လိုရှာမလဲ။
===============================================
ဒီကောင်ကို အသုံးပြုဖို့အတွက် မိမိရဲ့ Huawei phone ထဲမှာ Phone Finder ကို အမှန်ခြစ်ထားပေးဖို့လိုပါတယ်။ ဒါမှသာ ရှာလို့ရမှာ ဖြစ်ပါတယ်။http://cloud.huawei.com/hk/phonefinder အဲဒီလင့်ထဲကို ၀င်လိုက်ပါ။ အဲဒီလင့်ထဲ ကို ၀င်လိုက်တာနဲ့ သူ့ပါရင် ရှာပေးနေပါလိမ့်မည်။ မိမိချစ်သူဖုန်း အင်တာနက်သုံးနေရင်းနဲ့ ရှာလိုက်တဲ့အခါမှာ GPS က
သူ့ပါရင် အလိုလိုပွင့်သွားပြီး ရှာပေးနေပါလိမ့်မည်။ GPS ကိုတော့ တိကျစွာ ဖော်ပြပေးမှာ ဖြစ်ပါတယ်။ မိမိဖုန်းပျောက်သွား ရင်လည်း ရှာလို့ရပါတယ်။ပြီးတော့ အဲဒီဖုန်းကိုလည်း တစ်ခါတည်း Lock တန်းချလို့ရတယ်။ ပြီးတော့ အဲဒီဖုန်းကို ဖုန်းပြန်ပေး ဖို့ message ပါ ပေးပို့လို့ရပါတယ်။ သုံးရင် သုံးတတ်သလို အကျိုးရှိပါတယ်ခင်ဗျာ.......
အားလုံးအဆင်ပြေကြပါစေ။

Comments

Popular posts from this blog

Huawei G730-U00 CWM Recovery (English) +SP Flash Tool

Huawei & CoolPad LCD ပြသနာ