android History

ကမ္ဘာပေါ်မှာ လူကြိုက်အများဆုံးနဲ့ လူသုံးအများဆုံး Mobile Operating System ဆိုရင်တော့ Android OS ကို ပြေးမြင်မိကြပါလိမ့်မယ်။ Touchscreen စမတ်ဖုန်းတွေနဲ့ tablet တွေအတွက် ရည်ရွယ်ပြီး ဖန်တီးထားတဲ့ Linux Kernel ကိုအခြေခံရေးဆွဲထားတဲ့ Android OS ကို (၂၀၀၈) ခုနှစ် စက်တင်ဘာလမှာ Google က တရားဝင် Launch လုပ်ခဲ့ပေမယ့် ပထမဦးဆုံးတီထွင်ဖန်တီးခဲ့တာကတော့ Android Inc ကဖြစ်ပါတယ်။ (၂၀၀၅) ခုနှစ်မှာ Google က အမေရိကန်ဒေါ်လာ သန်း(၅၀)ကျော်ပေးကာ ဝယ်ယူခဲ့တာဖြစ်ပြီး (၂၀၀၈) ခုနှစ် တရားဝင် မိတ်ဆက်ခဲ့တဲ့အချိန်မှာ Apple ရဲ့ iOS က ဈေးကွက်အတွင်းမှာ နာမည်ရနေပြီဖြစ်ပါတယ်။

Android ဟာ iOS လို သီးသန့်ရပ်တည်နေတာမဟုတ်ဘဲ ဘယ် developer မဆို စိတ်ကြိုက်ပြင်ဆင်နိုင်အောင် Open Source ပြုလုပ်ပေးထားတဲ့အတွက် Android Open Source Project (AOSP) ကို သုံးပြီး  စိတ်ကြိုက် Version ကိုဖန်တီးရေးဆွဲနိုင်ပါတယ်။ ဒါ့ကြောင့်လည်း လူအများရဲ့ စိတ်ဝင်စားမှုကိုခံခဲ့ရပြီး တဖြည်းဖြည်းချင်း ရေပန်းစားလာခဲ့တာဖြစ်ပါတယ်။

Android အကြောင်းကိုပြောမယ်ဆို Android ရဲ့ ထူးခြားချက်တစ်ခုကိုမေ့ထားလို့မရပါဘူး။ အဲ့ဒါကတော့ Android OS တွေရဲ့ နာမည်တွေပဲ ဖြစ်ပါတယ်။ Google က Android OS version တွေကို အင်္ဂလိပ်အက္ခရာ အစီအစဉ်အတိုင်း စားစရာနာမည်လေးတွေပေးခဲ့ပါတယ်။ ဥပမာအနေနဲ့ Cupcake, Donut, Éclair, Froyo, Gingerbread, Honeycomb, Ice Cream Sandwich, Jelly Bean, Kit Kat, Lollipop, Marshmallow နဲ့ အခုနောက်ဆုံး Nougat တို့ကို လေ့လာကြည့်ရင် အင်္ဂလိပ်အက္ခရာ C ကနေစလို့ N အထိ အစီအစဉ်တကျ ပေးထားတာကိုတွေ့မြင်နိုင်ပါတယ်။ အရှေ့မှာ A နဲ့ B အဖြစ် Android Alpha နဲ့ Beta ဆိုပြီး စမ်းသပ်ထုတ်လုပ်ခဲ့ပါသေးတယ်။

Android Verion 1.5 (Cupcake) ကို Android OS ရဲ့ အစ version လို့ပြောနိုင်ပြီး (၂၀၁၀) ခုနှစ်ကထွက်ရှိခဲ့တဲ့ Android 2.3 (Gingerbread) ဟာ Android ရဲ့ လူကြိုက်အများဆုံးနဲ့ အအောင်မြင်ဆုံး မှတ်တိုင်တစ်ခုဖြစ်လာခဲ့ပါတယ်။ မြန်မာနိုင်ငံအတွင်းမှာလည်း Gingerbread ကစလို့ Android ကို တွင်တွင်ကျယ်ကျယ်အသုံးပြုလာကြတာဖြစ်ပါတယ်။Android 12ထိပါဘဲ ခုနောက်ဆုံးထိ

ကမ္ဘာ့ပထမဦးဆုံး Android ဖုန်းကတော့ HTC PHONE ပါဘဲ Version 1.0 နဲ မိတ်ဆက်ပေးခဲ့ ပါတယ်ကမ္ဘာ့ပထမဦးဆုံး Android ဖုန်းကို (၂၀၀၈) ခုနှစ် စက်တင်ဘာလ(၂၃) ရက်နေ့မှာ HTC က မိတ်ဆက်ခဲ့တာပါ။ HTC Dream လို့ အမည်ပေးထားတဲ့ ဒီဖုန်းကို အမေရိကန်နဲ့ ဥရောပနိုင်ငံအချို့မှာတော့ T-Mobile G1 လို့ လူသိများခဲ့ပါတယ်။ Android OS နဲ့ ပထမဦးဆုံးထွက်ရှိလာတဲ့ ဖုန်းဖြစ်တဲ့အတွက် လူအများက ကြီးကြီးမားမား မျှော်လင့်ထားခဲ့ကြပေမယ့် ၎င်းမှာ အသုံးပြုထားတဲ့ Android Version 1.6 (Donut) က အဲ့ဒီအချိန်အခါက ဈေးကွက်အတွင်းရေပန်းစားလျက်ရှိတဲ့ iOS နဲ့ BlackBerry တို့နဲ့ယှဉ်တဲ့အခါ Function တွေ အလွန်နည်းပါးနေတဲ့အတွက် ဆိုးဝါးတဲ့ဝေဖန်မှုတွေကို ကြုံတွေ့ခဲ့ရပါတယ်။

ဒီဇိုင်းပုံစံက သပ်ရပ်လှပပြီး Touchscreen, Slide နဲ့ QWERTY ကီးဘုတ်တို့ကို ပေါင်းစပ်ထည့်သွင်းထားတာတွေ့ရပါတယ်။

ANDROID VERSIONS 
-------------------------------



Android 1.0 မရှိ ၁.၀ စက်တင်ဘာ ၂၃၊ ၂၀၀၈ မရှိ မရှိ
Android 1.1 Petit Four ၁.၁ ဖေဖော်ဝါရီ ၉၊ ၂၀၀၉
Android Cupcake ဖလားကိတ် ၁.၅ ဧပြီလ ၂၇ ရက် ၂၀၀၉ ခုနှစ်
Android Donut ဒိုးနပ် ၁.၆ စက်တင်ဘာ ၁၅၊ ၂၀၀၉
Android Eclair Eclair 2.0 အောက်တိုဘာ ၂၇၊ ၂၀၀၉
၂.၀.၁ ဒီဇင်ဘာ ၃၊ ၂၀၀၉
၂.၁ ဇန်နဝါရီလ 11 ရက် 2010 ခုနှစ် [16]
Android Froyo ဖရိုယို ၂.၂ – ၂.၂.၃ မေလ 20 ရက် 2010 ခုနှစ် 3.2.25 (အောက်တိုဘာ 2014)
Android Gingerbread ဂျင်းပေါင်မုန့် ၂.၃ – ၂.၃.၂ ဒီဇင်ဘာလ 6 ရက် 2010 ခုနှစ် 10.0.84 (နိုဝင်ဘာ 2016)
၂.၃.၃ – ၂.၃.၇ ၁၀ ဖေဖော်ဝါရီ ၉ ရက်၊ ၂၀၁၁
Android Honeycomb ပုဆိုး ၃.၀ ၁၁ ဖေဖော်ဝါရီလ 22 ရက် 2011 ခုနှစ်
၃.၁ ၁၂ မေလ 10 ရက် 2011 ခုနှစ်
၃.၂ – ၃.၂.၆ ၁၃ ဇူလိုင်လ 15 ရက် 2011 ခုနှစ်
Android Ice Cream Sandwich ရေခဲမုန့် Sandwich 4.0 – 4.0.2 ၁၄ အောက်တိုဘာလ 18 ရက် 2011 ခုနှစ် 14.8.49 (ဖေဖော်ဝါရီ 2019)
၄.၀.၃ – ၄.၀.၄ ၁၅ ဒီဇင်ဘာ ၁၆၊ ၂၀၁၁
Android Jelly Bean ဂျယ်လီစေ့ ၄.၁ – ၄.၁.၂ ၁၆ ဇူလိုင်လ 9 ရက် 2012 ခုနှစ် 21.33.56 (စက်တင်ဘာ 2021)
၄.၂ – ၄.၂.၂ ၁၇ နိုဝင်ဘာ ၁၃၊ ၂၀၁၂
၄.၃ – ၄.၃.၁ ၁၈ ဇူလိုင် ၂၄၊ ၂၀၁၃
Android KitKat Key Lime Pie ၊ ၄.၄ – ၄.၄.၄ ၁၉ အောက်တိုဘာ ၃၁၊ ၂၀၁၃ အောက်တိုဘာလ 2017 22.15.14 (မေလ 2022)
4.4W – 4.4W.2 ၂၀ ဇွန်လ 25 ရက် 2014 ခုနှစ် ?
Android Lollipop Lemon Meringue Pie ၊ 5.0 – 5.0.2 ၂၁ နိုဝင်ဘာ ၄၊ ၂၀၁၄ [၁၇] နိုဝင်ဘာလ 2017
၅.၁ – ၅.၁.၁ ၂၂ မတ်လ ၂ ရက်၊ ၂၀၁၅ [၁၈] မတ်လ 2018
Android Marshmallow Macadamia Nut Cookie 6.0 – 6.0.1 ၂၃ အောက်တိုဘာလ 2 ရက် 2015 ခုနှစ် [19] သြဂုတ်လ 2018 22.18.20 (ဇွန် 2022)
Android Nougat နယူးယောက်ချိစ်ကိတ် ၇.၀ ၂၄ သြဂုတ် ၂၂၊ ၂၀၁၆ သြဂုတ်လ 2019 ခုနှစ်
၇.၁ – ၇.၁.၂ ၂၅ အောက်တိုဘာ ၄၊ ၂၀၁၆ အောက်တိုဘာလ 2019 ခုနှစ်
Android Oreo Oatmeal Cookie ၈.၀ ၂၆ သြဂုတ် ၂၁၊ ၂၀၁၇ ဇန်နဝါရီ 2021
၈.၁ ၂၇ ဒီဇင်ဘာ ၅၊ ၂၀၁၇ အောက်တိုဘာလ 2021
Android Pie Pistachio ရေခဲမုန့် [20] ၂၈ သြဂုတ် ၆၊ ၂၀၁၈ ဇန်နဝါရီ 2022
Android 10 Quince Tart [21] ၁၀ ၂၉ စက်တင်ဘာ ၃၊ ၂၀၁၉ ဇွန်လ 2022
Android 11 Red Velvet ကိတ်မုန့် [21] ၁၁ ၃၀ စက်တင်ဘာ ၈၊ ၂၀၂၀
Android 12 Snow Cone ၁၂ ၃၁ အောက်တိုဘာ ၄၊ ၂၀၂၁
Android 12L Snow Cone v2 12.1 [a] [b] ၃၂ မတ် ၇၊ ၂၀၂၂
Android 13 တီရာမီဆု [23] 13 [ဂ] ၃၃ Q3 2022 တို့ဖြစ်သည်






Comments

Popular posts from this blog

Huawei G730-U00 CWM Recovery (English) +SP Flash Tool

Huawei & CoolPad LCD ျပသနာ