Android ရဲ့ အခြေခံ

အခြေခံလေးကစပြီးတော့လေ့လာနိုင်အောင် တင်ပေးချင်တာကြောင့် ဒီ post လေးကို အခန်းဆက်ရေးပေးသွားပါမယ်။Softwrae ပိုင်းကို စတင်လေ့လာနေသူတွေအတွက် အထောက်အကူဖြစ်နိုင်မှာပါ။

Android ရဲ့ အခြေခံ အကြောင်းအရာများ (Basics of Android) (အပိုင်း - ၁)

  1.1    Android - What , Where and Why ?

          Android ဆိုတာ Linux နဲ့ Software Package တွေကို အခြေခံထားတဲ့ OS(Operating system ) တစ်ခုဖြစ်ပြီးတော့ Mobile Device တွေအတွက်အသုံးပြုထားပါတယ်။(ဥပမာ - Tablet , Computers , smartphones )
Android ကို ဖွံ့ဖြိုးတိုးတက်အောင် Google ကစတင်ပြုလုပ်ခဲ့ပြီးတော့ ပြီးတဲ့နောက်မှာတော့
OHA(Open Handset Alliance) ပါ Android ကို အထောက်အကူပြုလာပါတယ်။
         Android Code တွေကို ရေးတဲ့ အခါမှာတော့ အဓိက အသုံးပြုတာကတော့ Java Language
ကိုအဓိကအသုံးပြု  အသုံးပြုထားပြီးတော့ တစ်ခါတစ်ရံမှာတော့ အခြား language တွွေကိုလဲ အသုံးပြုပါတယ်။

  1.2   What is Open Handset Alliance (OHA)?

Google , Samsung , AKM , Synaptics , KDDI , Garmin , Teleca , Ebay , Intel etc... စတဲ့ Companies ပေါင်း 84 ခုကနေပြီးတော့ OHA ကို  ယာယီပူးပေါင်းဖွဲ့စည်း ဆောင်ရွက် ခဲ့ကြပါတယ်။Open Handset Alliance(OHA) ဟာအခြေခိုင်လာတဲ့အခါ မှာတော့၂ဝဝရခုနှစ် Novemberလ  ၅ရက်နေ့မှာ Google ကဦးဆောင်လမ်းပြီးတော့ Android ကိုဖွံ့ဖြိုးတိုးတက်လာ၏အောင် ဆောင်ရွက်လာ ခဲ့ပါတယ်။


   1.3  Android ရဲ့ အင်္ဂါရပ်များ ( Features of Android )

1. Open-Source ဖြစ်နေခြင်း။
2. Android Platform များကို သုံးစွဲသူများက ပြောင်းလဲနိုင်တယ်။
3. သုံးစွဲသူများက များပြားလှသော Applaction များကို စိတ်ကြိုက် ရွေးချယ်နိုင်ခြင်း။
4. weather details , Opening Screen , Live RSS အစရှိတဲ့ သုံးစွဲသူများ ကိုစိတ်ဝင်စားဖွယ်ရာများကို စီစဉ်ပေးခြင်း။
5. သုံးစွဲသူများ အထောက်အပံ့ဖြစ်စေမယ့် Massage , Service , Web Browser ,Cloud Storage , Connectivity , Media , Handset Layout တွေကို အထောက်အပံ့ပေးထားခြင်းတွေကတော့ Android ရဲ့ Features တွေပါပဲ။


   1.4  Categories of Android Applactions
     1. Entertainment
         2. Tools
         3. Communication
         4. Music and Audio
         5. Social
         6. Productivity
         7. Media and Vedio
         8. Travel and Etc
         9. Game
          10. Other



  2. Android - History and Version?

      Android ကို Version တွေ အမျိုးမျိုး ထုတ်လုပ်ခဲ့ပါ။ထူးခြားချက်ကတော့ Android Version တွေကို
အက္ခရာတွေ နဲ့ စီစဉ်ထားတာပါ။ယခု အချိန်မှာတော့ A ကနေ L ထိ ထွက်လာပါပြီ။ဥပမာ အနေဖြင့်တော့
Aestro , Blender ,Cupcake,Donut, Eclair , Froyo , Gingerbread , Honeycomb ,Ice Cream Sandwhitch , Jelly Bean ,Kitkat & Lollipop  ဆိုပြီးထွက်လာခဲ့ပီးပါပြီ။
     Android ကို စတင်တွေ့ရှိတာကတော့ Andy Rubin က 2003 ခုနှစ် October လမှာ Palo , California , United States မှာ စတင်တွေ့ရှိခဲ့ပါတယ်။
    August လ 17 ရက်နေ့ 2005 မှာ Google ကနေပြီးတော့  Android Inc တည်ထောင်ခဲ့ပါတယ်။
    Androis Inc ကနေပြီးတော့ Android ကို စတင်မွေးဖွားပေးခဲ့တဲ့ Andy Rubin , Rich Miner , Nick Sears & Chris White  သူတို့လေးဦးကိုလဲ အဓိက ဦးစီးသူများအဖြင့် အလုပ်ပြန်လည်ခန့်အပ်ခဲ့ပါတယ်။


Android Versions , Codename and ApI?




                                               
                                              


Android Partition များကို လေ့လာကြည့်ခြင်း

 

                                             

Android တစ်လုံးရဲ့ Partition တွေဟာ ပုံမှန်အားဖြင့် အဓိကအလွှာ (6)လွှာ ပါဝင်ပါတယ်။
အပေါ်ကပုံကတော့ Android Partition တွေကိုခွဲခြားပြထားတာပါ။ပါဝင်တာတွေကတော့
\Boot အလွှာ
\System အလွှာ
\Recovery အလွှာ
\Data အလွှာ
\cache  အလွှာ
\Misc အလွှာ ဆိုပြီးတော့ ပါဝင်ပါတယ်။
Boot အလွှာမှာ Boot.img , System အလွှာမှာ System.img , recovery မှာတော့ Recovery.img တွေဟာ Flash လုပ်လို့ရပါတယ်။Falsh လုပ်ချင်တယ်ဆိုရင်တော့ Bootloader unlock လုပ်ထားရမှာပါ။
 အဲ့ဒီနောက်မှာတော့ SD Card Fie System Partitions တွေဖြစ်တဲ့
•   /sdcard
•   /sd-ext
 partitaion တွေလဲပါဝင်ပါတယ်။
Note : sdcard partition တွေကိုတော့ Android Devicesအားလုံးနီးပါနှင့် SD-Ext ကိုတော့ အချို့ device တွေမှာပဲ ပါဝင်ပါတယ်။



Boot အလွှာ (\Boot)
    Boot အလွှာမှာတော့ သူ့ရဲ့နာမည်အတိုင်း System ကို Boot လုပ်နိုင်တဲ့ အစိတ်အပိုင်း Kernel  နဲ့ Ramdisk တို့ပါဝင်ပါတယ်။ ဒီ Boot အလွှာမပါရင်တော့ ဖုန်းတစ်လုံးဟာ စက်နိုးလို့ ရမှာမဟုတ်ပါဘူး။
တစ်ကယ်လို့ Software ပိုင်းကြောင့်boot ပျက်သွားတယ်ဆိုရင်တော့ Recovery အလွှာကနေပြီးတော့ လိုအပ်တယ်ဆိုရင် Boot အလွှာကို ပြန်ပြီးတော့(ရေးနိုင်ပါတယ်) တင်နိုင်ပါတယ်။ကိုယ်ရဲ့ ဖုန်းကို Recovery ကနေပြန်ရေးတဲ့အခါမှာ boot တင်တာမပြီးဆုံးခင်မှာ Coumputer နဲ့ ချိတ်ဆက်ထားတဲ့ cable ကြိုးဖြုတ်တာတို့ Power on တာမျိုးကို မလုပ်သင့်ပါဘူး။¬¬

\System အလွှာ (\System)
   System အလွှာမှာတော့ သူ့ရဲ့နာမည်အတိုင်း ပဲ Android OS (Operation System)တစ်ခုလုံး
ပါဝင်ပါတယ်။ဒီ System အလွှာမှာ Android GUI(Graphic User Interface)လို့ခေါ်တဲ့ အသုံးပြုသူမြင်တွေ့နိုင်တဲ့ Interact(နှိပ်လို့ရတာ ထိလို့ရတာတို့)ကို ပြုလုပ်နိုင်တဲ့ Applaction တွေအားလုံးပါဝင်ပါတယ်။တစ်ကယ်လို့သာ ဒီ System ပျက်ဆီသွားမယ် (သို့) စာဖတ်သူရဲ့ တစ်စုံတစ်ရာသော စမ်းသက်မှုက ဒီအလွှာကိုဖျက်ပစ်လိုက်မိပြီဆိုရင်တော့ Android OS တစ်ခုလုံးကိုဖျက်ပစ်တာနဲ့ အတူတူပါပဲ။တစ်ကယ်လို့ ပြန်လည်ပြုပြင်ချင်တယ်ဆိုရင်တော့ Firmware (ရေး) တင်ချင်း ၊ Recovery ကနေ Rom ခုခု ကိုဖြစ်ဖြစ် os အသစ်တစ်ခုကို ပြန်တင်ပေးနိုင်ပါတယ်။

Recovery အလွှာ (\Recovery)
   Recovery အလွှာမှာတော့ ဖုန်းရဲ့ Backup အတွက် သီးသန့် ထာရှိထားတာပါ။စာဖတ်သူ ရဲ့ဖုန်းတစ်ခုခုကြောင့် ပျက်စီးသွားခဲ့ရင်တော့ Android System တစ်ခုလုံးကို Recovery ပြန်လုပ်ပြီးတော့ပြုပြင်နိုင်ပါတယ်။Recovery အလွှာကို Boot အလွှာလို System Restore လုပ်နိုင်တဲ့အတွက် သူ့ကို Alternative Boot လို့လဲ ခေါ်ကြပါတယ်။Recovery လုပ်ရင် Recovery console ကနေ Phone က Boot လုပ်စေပြီး System ပြုပြင်ခြင်းကို လုပ်ပါတယ်။

Data အလွှာ (\Data)
   Data အလွှာမှာတော့ User Data ဖြစ်တဲ့ Contant, Sms , Setting , Applaction တွေအာလုံးကို သိုလှောင်ထားပါတယ်။တစ်ကယ်လို့ စာဖတ်သူက Factory Data Reset ချမယ်ဆိုရင် ဒီအလွှာထဲမှာရှိတဲ့
တန်ဖိုးတွေ အာလုံးပျက်စီးသွားမှာပါ။(ဥပမာပေးရမယ်ဆိုရင် - စာဖတ်သူက ဖုန်းတစ်လုံးဝယ်လာခဲ့တယ်။ဖုန်းဝယ်ပြီဆိုရင် Applaction တွေ Game တွေ ထည့်မယ် ,Contant တွေ Massage တွေ ပို့မယ် အဲ့တာတွေကို သိမ်းထားတာက ဒီအလွှာမှာ သိမ်းထားတာပါ။တစ်ကယ်လို့သာ စာဖတ်သူက Factory Data Reset ချမယ်ဆိုရင် ဒီအလွှာက အရာတွေကိုသာဖျက်ပြစ်မှာဖြစ်တာကြောင့်
ဝယ်ယူစဉ်က စက်ရုံထတ် အတိုင်းသာ ပြန်ဖြစ်သွားမှာပါ။)

cache  အလွှာ(\cache)
   Cache အလွှာကတော့ အားလုံသိတဲ့အတိုင်းပဲ စာဖတ်သူတို့ အသုံးပြုထားတဲ့ Data တွေ Applaction တွေရဲ့ Components တွေကိုသိုလှောင်ထားတဲ့နေရာပါ။Cache တွေကိုဖြတ်လိုက်မယ်ဆိုရင်တော့ အသုံးပြုထားတဲ့အရာတွေရဲ့ မှတ်သားထားမှုတွေကိုာဖြတ်ပြစ်မှာပါ။ စာဖတ်သူရဲ့ Applaction တွေကိုဖြတ်ပစ်တာမျိုးမဟုတ်ပါဘူး။တစ်ကယ်လို့ cach ထဲက ဖြတ်ပြစ်ပြီးရင်တောင်မှ နောက်ထပ် သုံးတာတွေကိုစပ်မှာတ်နေအုံးမှာပါ။

Misc အလွှာ (\misc)

   ဒီ Misc အလွှာ မှာတော့ ဖုန်းရဲ့ System Setting တွေအားလုံးကို ဖုန်းအသုံးပြုသူ ပြုပြင်ပြောင်းလဲထားတဲ့ အတိုင်း သိမ်းပေးထားတာပါ။(ဥပမာ Internet setting တို့ Volume အသံအတိုးအချဲ့ လုပ်ထားတာတို့ တို့ကို မှတ်ထားပေးတဲ့နေရာပါ။စာဖတ်သူက ဖုန်းတစ်လုံးကို အသံပိတ်ပြီးတော့ Power Off မယ်ဆိုရင် Power ပြန်ဖွင့်မယ်ဆိုရင်လဲ ဒီအလွှာကနေ Power မပိတ်ခင်တုန်းက ထားခဲ့တဲ့ Selince ဖြစ်နေတာကြောင့် Logo တက်လာရင်မည်နေနဲ့ အရာပါ Selince ဖြစ်နေမှာပါဒါဟာ ဒီအလွှာမှာ ဖုန်းအသုံးပြုသူရဲ့  ပြုပြင်ပြောင်းလဲထားတဲ့ အတိုင်း သိမ်းပေးထားတာ ကြောင့်ပါ။ဒီအလွှာမှာ CID(Carrier / Region ID)တွေနဲ့ အခြား Setting တွေကိုလဲ ဒီနေရာမှာပဲသိမ်းစည်းထားတာပါ။

နောက်တစ်ပတ်မှာတော့ Bootloader ရဲ့ လုပ်ဆောက်ချက်တွေကို ဆက်လက်ပြီးတော့ရှင်းပြပေးပါမယ်။
အပေါ်က ဖော်ပြထားတာတွေကို Android ကိုစတင်လေ့လာနေသူတွေအတွက် အထူးအဆန်းဖြစ်လို့လေ့လာချင်စိတ် မကုန်သွားပါနဲ့လို့ပြောပါရစေ။
တစ်လုံးချင်းစီရဲ့ သီးသန့်အလုပ်လုပ်ပုံကို မသိပဲ နာမည်သာခေါ်နေမယ်ဆိုရင် အနှစ်အရသာကိုမသိပဲ စားနေရသလိုဖြစ်မှာစိုးတဲ့အတွက် တစ်ကယ် ပညာရှင်တစ်ယောက်အဖြစ် လေ့လာမယ့်သူတွေအတွက် Open Source ဖြစ်တ့ Android အကြောင်းတွေကို အသေးစိတ်လေး ပြောပြပေးတာပါ။

 ဒီနေ့တော့ Bootloader နဲ့သက်ဆိုင်တဲ့ အကြောင်းတွေကိုရှင်းပြပေးမှာပါ။



Bootloader ဆိုတာဘာလဲ  ?

Bootloader ဆိုတာက  Operation System  မစတင်ခင်  အလုပ်လုပ်တဲ့  Code  အစိတ်အပိုင်းလေး  ကိုခေါ်ပါတယ်၊ Bootloader  ထဲမှာ  OS kernal  ကို စတင်အလုပ်လုပ်အောင် ခေါ်မယ် ညွှန်ကြားချက်တွေ ပါပါတယ်၊ Bootloader က Internal Memory ထဲမှာရှိတဲ့ Paratition တွေအားလုံး ရဲ့ ပထမဆုံး Paratition မှာ တည်ရှိမှာဖြစ်ပြီး အခြား Paratition တွေအားလုံးကိုသွားမယ့် Check Point ပါပဲ။

Bootloader ဘယ်လိုအလုပ်လုပ်တာလဲ ?

Power စဖွင့်တာနဲ့ ROM ထဲမှာရှိတဲ့ Boot ROM Code က စပြီးအလုပ်လုပ်ပါတယ်၊ ပြီးရင် Bootloader လို့ခေါ်တဲ့ Boot Strap Firmware ကို နိုးမယ်၊ Boot Strap Firmware  ထဲမှာ MBR  and GRUB/LILO တို့ပါဝင်တယ်၊ Bootloader စပြီးအလုပ်လုပ်ပြီ ဆိုတာနဲ့ init.S ဖိုင်စအလုပ်လုပ်တယ်၊ အရင်ဆုံး BSS segment ကို 0 တန်းဖိုးရောက်သွားအောင်ရှင်းတယ်၊ ပြီးရင် main.c ဖိုင်ကို စခေါ်မယ်၊ main.c ဖိုင် စ အလုပ်လုပ်တာနဲ့ Hardware အစိတ်အပိုင်းတွေဖြစ်တဲ့ clocks,board,keypad,console တို့ကိုစတင်စေမယ်၊ ပြီးရင် Liux Tags ကိုဖန်တီးပြီး Linux Kernal image ကို Memory ကနေဝင်တင်မယ်။

Bootloader ရွေးချယ်မှု

Bootloader က Phone မှာပါဝင်တဲ့ အခြား မည်သည့် Software မဆို အဦးဆုံး စတင်တဲ့ အတွက် မှန်ကန်တဲ့ processor ကိုအသုံးပြုဖို့ အလွန်အရေးကြီးလှပါတယ်၊ Android OS က Open Source ဖြစ်တဲ့ အတွက် ဖုန်းထုတ်လုပ်တဲ့ ကုမ္မဏီ တွေက သူတို့ထုတ်လုပ်တဲ့ ဖုန်း Hardware နဲ့ ကိုက်ညီတဲ့ Bootloader Version ကို Develope လုပ်ထားကြပါတယ်၊ Android ဖုန်းတွေမှာပါဝင်တဲ့ Bootloader တွေကို အမြဲတမ်း Locked ချထားပါတယ်၊ ဒီလိုလုပ်ထားတာကတော့ ထုတ်လုပ်တဲ့ ကုမ္မဏီတွေကို သူတို့ထုတ်လုပ်တဲ့ဖုန်းကို သူတို့ထုတ်လုပ်တဲ့ OS version နဲ့ ပဲတွဲသုံးစေချင်ပါတယ်၊ Bootloader ကို Locked လုပ်ထားရင် Custom ROM  install လုပ်လို့မရပါဘူး၊ ဒါကြောင့် Custom ROM Install လုပ်လိုရင် Bootloader ကို အရင် Unlock block လုပ်ရပါတယ်။


ဒီအခန်းမှာတော့ Kernel နဲ့ CWM အကြောင်းကိုရှင်ပြပေးချင်ပါတယ်။အခြေခံ သဘောတရာတွေ လုပ်ဆောင်ချက်တွေကိုသာ သိနေမယ်ဆိုရင် ဖုန်းတစ်လုံးကို Software ပိုင်းအရ ကိုင်တွယ်ဖို့ မခဲရင်းတာကိုတွေ့ရမှာပါ။စာတွေရှည်နေလို့ စိတ်မရှည်မဖြစ်ဖို့ကို ပြောချင်ပါတယ်။ဒီစာတွေကိုသာ သေချာလေ့လာခဲ့ရင် Software သမားတစ်ယောက်ရဲ့ အိမ်မက်တွေဟာ အလွယ်တစ်ကူဖြစ်လာမှာပါ။

Kernal ဆိုတာဘာလဲ
[/size]

                   Kernal ဆိုတာ Android တစ်ခုထဲမှာသာလျှင်ရှိတာ မဟုတ်ဘဲ IOS,MacOS,Window,BlackBerry’s QNX တို့မှာလဲရှိပါတယ်၊ High Level Operation Systems အားလုံးမှာ Kernal တစ်ခုတော့ပါဝင်ပါတယ်၊ ခုပြောမှာက Android အကြောင်းဆိုတော့ Linux Kernal ကိုဘဲ ဦးတည်ပြီးပြောသွားပါမယ်၊ Android သုံးသမျှ ပစ္စည်းတွေက Linux Kernal ကို သုံးကြပါတယ်၊ ဒါပေမဲ့ Linux Operation System က သုံးတဲ့ Kernal နဲ့တော့တထပ်တည်းမတူပါဘူး၊ Android Kernal မှာ Android အတွက်သီးသန့် Build-in code တွေပါနေပါတယ်၊ ဒါကြောင့်ဘဲ Developers တွေနဲ့ Hackers တွေအတွက် Android Version အသစ်တွေကို Android ဖုန်း အဟောင်းတွေမှာ ထည့်သွင်းပြီး အားလုံး အဆင်ပြေပြေ အလုပ်ဖြစ်အောင်လုပ်ဖို့ အတော့်ကိုစောင့်ရပါတယ်၊ Gingerbred Kernal အတွက်သုံးတဲ့ drivers တွေက Ice Cream Sandwich Kernal အတွက် အလုပ်လုပ်မှာမဟုတ်ပါဘူး၊ ဒီကိစ္စ ကလဲ အရေးကြီးပါတယ်၊ Kernal ရဲ့ အဓိကအလုပ်က Hardware ကို ထိန်းချုပ်ဖို့ တာဝန်ကိုယူထားလို့ပါ၊ Kernal ကိုရေးတဲ့ ကုတ်တွေလဲ တကယ့်ကိုများလှပါတယ်၊ Kernal ရဲ့ အဓိကတာဝန်ကတော့ Hardware နဲ့ Software တို့ကြားမှာ နှစ်ဖက်ညွှန်ကြားချက်တွေကို နားလည်အောင်လုပ်ကိုင်ပေးဖို့ပါဘဲ။
Software တစ်ခုကဘယ်လိုအလုပ်မျိုးကိုမဆို Hardware ကို လုပ်စေချင်တဲ့ အခါကျရင် Hardware ကို တိုက်ရိုက် အမိန့်မပေးဘဲနဲ့ Kernal ကို ညွှန်ကြားချက်အရင်လှမ်းပို့ပါတယ်၊ ဒီနေရာမှာ အလုပ်ဆိုတာက ဖုန်းက လုပ်နိုင်တဲ့ အလုပ်အားလုံးကိုညွှန်းပါတယ်၊ ဖုန်းScreen အလင်းရောင်ချိန်တာတို့၊ အသံ အနိမ့်အမြင့်ချိန်တာတို့၊ Radio ကိုချိတ်ဆက်ပြီး ဖုန်းခေါ်ဆိုတာတို့ ၊ ဖုန်းမျက်နှာပြင်မှာ ပုံဆွဲတာတို့ စသဖြင့် အလုပ်မှန်သမျှကို Software ကလုပ်လိုတဲ့ အခါကျရင် Hardware ကိုတိုက်ရိုက်မခိုင်းဘဲ Kernal ကိုလှမ်းခိုင်းလိုက်ပါတယ်၊ အဲ့ဒီအခါမှာ Kernal ကတဆင့်  Hardware ကို လုပ်မဲ့အလုပ်ကိုညွှန်ကြားပါတယ်၊ ဥပမာ ကျွန်တော်တို့ ဖုန်းမျက်နှာပြင်ပေါ်မှာ က ကင်မရာ (Camera) ရိုက်တဲ့ ခလုတ်မှာ ကလစ်တစ်ချက်နှိပ်ပြီး ဓာတ်ပုံရိုက်တယ်ဆိုပါစို့၊ ခလုတ်ကိုနှိပ်လိုက်တာနဲ့ကို Software က Event တစ်ခုကို နားထောက်လို့ရမဲ့  Event ဖြစ်ပေါ်တဲ့ နေရာကို driver ကတဆင့် Kernal ကိုပို့မယ်၊ Kernal ကလဲ ရလာတဲ့ အချက်နဲ့ ပတ်သက်တဲ့ command ကို Camera Hardware ကိုလှမ်းပို့မယ်၊ Camera Hardware က ဓာတ်ပုံကို ရိုက်ပေးမယ်၊ ဒီလိုတစ်ခုက Software က Input လုပ်လိုက်တာကို Kernal က ယူပြီး Output တစ်ခုအဖြစ် Hardware ကိုပြန်ပေးပါတယ်၊ အကယ်လို့ Kernal သာမရှိခဲ့ရင် Developers တွေက အလုပ်တစ်စီအတွက် အလွန့်အလွန်များပြားလှတဲ့ machine code တွေကို ရေးပြီး Hardware ကို ခိုင်းစေရမှာဖြစ်ပါတယ်၊ Kernal ကကြားခံပေးထားတဲ့ အတွက် Application Developers တွေ အနေနဲ့ Android System ADI’s တွေကနေတဆင့် Kernal ဆီကို Request တွေအလွယ်တကူပို့နိုင်ပြီး Kernal နဲ့ ချိတ်ဆက် အလုပ်လုပ်ဖို့သာ Develope လုပ်ရမှာဖြစ်သလို Hardware Developers တွေကလဲ သူတို့ Develop လုပ်တဲ့ Hardware ကို Kernal နဲ့ ဆက်သွယ်အသုံးပြုနိုင်အောင်သာ Develop လုပ်ပေးစရာရှိပါတယ်။

CWM ဆိုတာဘာလဲ?
[/b][/size][/tt]


    CWM ဆိုတာကတော့ Clock Work Mod ကိုဆိုလိုပါတယ်၊CWM ကို Android သုံး ဖုန်းနဲ့ Tablet တွေ Recovery လုပ်ဖို့သုံးပါတယ်၊ ဒီလို CWM သုံးပြီး Recover လုပ်တာကိုဘဲ CWM recovery လို့ခေါ်ပါတယ်၊CWM recovery လုပ်ခြင်းအားဖြင့် Stock recovery နဲ့ မလုပ်နိုင်တဲ့ Data ပြန်လည်သိုလှောင်ခြင်း Root access ရယူခြင်း အသုံးပြု တဲ့ ဖုန်းထဲက Data တွေကို Backup လုပ်ခြင်း Custom ROM ထည့်သွင်းအသုံးပြုခြင်း Kernal တပ်ဆင်ခြင်း စသဖြင့် အလုပ်တွေအများကြီးကိုလုပ်ဆောင်သွားနိုင်ပါတယ်။Android အခြေခံ အဆင့်ကို နားမလည်သေးသူတွေအတွက်CWM ကိုသုံးပြီး Recovery အခက်အခဲတွေ့နိုင်သလို CWM Recovery က အစွမ်းကိုလဲ သဘောပေါက်ဖို့ ခက်ခဲနေပါဦးမယ်၊ Android devices တွေအားလုံး Recovery console ကို ဖုန်းအတွင်းပိုင်း Memory ထဲ ထည့်ပြီး ကုမ္မဏီတွေက ထုတ်လုပ်ရောင်းချပါတယ်၊ Recovery console ကနေ Boot တက်နိုင်ပါတယ်၊ အကယ်လို့ မလိုလားအပ်တဲ့ ပြဿနာတွေ တက်လာပြီဆိုရင် ကျွန်တော်တို့ Factory reset သုံးပြီး Recover လုပ်နိုင်ပါတယ်၊ ဒါမှမဟုတ် zip ဖိုင်နဲ့ လာတဲ့ Offical ROM ကို Update လုပ်နိုင်ပါတယ်၊ ဒီလိုအချက်လောက်သာလျှင်လုပ်နိုင်တာပါ Custom recovery ကတော့ သူမတူတဲ့ အလုပ်မျိုးကိုလုပ်နိုင်ပါတယ်၊ Custom recovery ကတော့ Stock recovery လုပ်နိုင်သမျှကိုလုပ်နိုင်တဲ့ အပြင် ကိုယ်ပိုင် Android ကို စိတ်ကြိုက် ထိန်းချုပ်နိုင်တဲ့ အဆင့်မြင့်တဲ့ Options တွေပါလာပါတယ်၊ Custom Recovery ကို သုံးရင် တရားဝင်ကော တရားမဝင်တာပါ ROMs တွေကိုပါ Install လုပ်နိုင်ပါတယ်၊ အခြား Application Update လုပ်ခြင်း Themes ပြောင်းခြင်း Kernal ပြောင်းလဲခြင်း Zip ဖိုင်အသုံးပြုခြင်း User data အပါအဝင် ဖုန်း Partition တွေအားလုံးကိုဖြတ်နိုင်ခြင်း SD card Partition ခွဲခြင်း Dalvik Cache များဖြတ်ပစ်ခြင်း Permission များပြောင်းလဲခြင်း restore နဲ့ Backup မှာ စိတ်ကြိုက်အစိတ်အပိုင်းတွေကို ရွေးချယ်နိုင်ခြင်းနှင့် အခြား အခြားသော အလုပ်အများအပြားကို စိတ်ကြိုက်လုပ်နိုင်ပါတယ်၊ CWM recovery ကို Koushik Dutta က Develop လုပ်ခဲ့ ပါတယ်၊ Android ROM Manager ကို Develop လုပ်တဲ့ သူပါဘဲ၊ သူရဲ့ Hacking away at Andriod devices ဆိုတဲ့ Blog နဲ့ Twitter မှာ သူ့ကိုရှာတွေ့ နိုင်ပါတယ်။

Comments

Popular posts from this blog

Huawei G730-U00 CWM Recovery (English) +SP Flash Tool

Huawei & CoolPad LCD ျပသနာ