Mobile ဖုန်း Error အဖြေရှာနည်းအပိုင်း (၁)


Mobile ဖုန်းပြုပြင်ရေးကို စိတ်ဝင်စားသော လေ့လာခါစညီငယ်တွေအတွက်ရည်ရွယ်၍အတွေ့အကြုံ
မျှဝေပးခြင်းဖြစ်ပါသည်။သင်ဆရာ မြင်ဆရာ ကြာဆရာ အားလုံးအား ဦးထိပ်ပန်ဆင်လျှက်...
Customer လာအပ်တဲ့ ပါဝါသေ ဖုန်းတလုံးကို စတင်အဖြေရှာကြည့်ရအောင်ဗျာ အရင်ဆုံး Customer ကို ဘယ်လိုစဖြစ်တယ်ဆိုတာ မေးရမှာပေါ့
(၁) သူ့အလိုလိုပိတ်သွားတာ
(၂) အားသွင်းထားရင် ဖြစ်သွားတာ
(၃) ရေထဲပြုတ်ကျတာ
(၄) ဖိမိတာ (သို့) အောက်လွတ်ကျတာ
(၅) ကားကြိပ်ခံရတာ
စသဖြင့် ကြားသိရမှာပါ
(၁)သူ့အလိုလိုပိတ်သွားတဲ့ Error ကိုစဉ်းစားရာမှာ
ကျွန်တော်တို့ ဖုန်းကို Supply နဲ့ချိတ်တဲ့အခါ ပါဝါKey နှိပ်ပြီပေါ့ Key နှိပ်ထားလို့ လုံးဝ အမ်ပီအာ မဆွဲးရင်တော့
Power key မကောင်းတာ
Battery ငုတ်လွတ်တာ
PM ic မှ power key သို့ vol မရောက်ခြင်း Key လမ်းကြောင်းပျက်ခြင်း လို့အကြမ်းဖျင်းယူဆရပါမယ်
Key ခလုတ်ကောင်းမကောင်းအရင်စစ်ဆေးအဖြေရှာရပါမယ် ဖုန်းမှမူလီလေးများမဖြုတ်ခင် Battery တပ်ပြီး Charger ကြိုးထိုးကြည့်ပါ screen မီးလင်းပြီး charger ပုံပြလျှင် Power key မကောင်းလို့ ပါဝါဖွင့်မရတာသေချာပါတယ် သို့သော် တချို့ဖုန်းတွေမှာ Charger ခေါင်းပါပျက်နေတော့ screen မီးမလင်တာတွေရှိပါတယ်
Key လမ်းကြောင်းမှာ Vol ရှိမရှိစစ်ဆေးရပါမယ် Vol ရှိရင်လည်း ဖုန်းအများစုမှာ 1.7=2.0=2.5=2.7=3.5
တို့ထွက်မှသာလျှင် ပါဝါနိုးမှာပါ Vol မရှိလျှင်တော့ Keyလမ်းကြောင်းပေါ်မှ R လေးများကောင်းမကောင်းစစ်ဆေးခြင်း Fet ကောင်းမကောင်းစစ်ဆေးခြင်း ရေဝင်ဆားပေါက်ခြင်းတို့ကြောင့် Key လမ်းကြောင်းပျက်စီးမှုပိုများပါတယ် မီတာ X1 နဲ့ ပျက်တောက်နေတဲ့ လမ်းကြောင်းကို Jumper ပြုလုပ်ဖြေရှင်းနိုင်ပါတယ် ဒါမှအဖြေရှာမတွေ့သေးရင် Pm ic သို့အဝင်လမ်းကြောင်း Vbat လမ်းကြောင်း Stanby Vol ဖုန်းအများစုအတွက် 3.5=3.7 ရှိမရှိစစ်ဆေးရပါမယ် Stanby Vol ရှိပြီး key နှိပ်လို့ အမ်ပီအာ မဆွဲးသေးရင် Samsung model အများစုမှာတော့ Charger ic Reball ပြန်လုပ်ရင်အဆင်ပြေသွားတက်ပါတယ် အခြားဖုန်းအများစုမှာမှာတော့ Pm ic ကို Reball ပြန်လုပ်ရပါမယ် Vol မရှိရင်တော့ Battery ငုတ်ခဲလွတ်တာ သို့မဟုတ် R200 ပျက်စီးတာဖြစ်နိုင်ပါတယ်
ဖုန်းကို Supply နဲ့ချိတ်တဲ့အခါမှာ တီဆိုပြီး Supply ကအသံကြားရင် ဒီဖုန်း ရှော့ဖြစ်တာလို့ ယူဆရပါမယ် ရော့ဖြစ်နိုင်တဲ့နေရာတွေကတော့ Vbet & Vph လမ်းကြောင်းပေါ်က C လေးတွေအဖြစ်များပါတယ် ရှော့ဖြစ်တဲ့ C တွေမှာ ပူတဲ့ C နဲ့ မပူတဲ့ C ဆိုပြီး ၂မျိုးရှိပါတယ် ပူတဲ့C ကတော့ 5A Supply နဲ့ချိတ်ထားရင် ရှော့ ဖြစ်တဲ့ C ပူလာမှာပါ လက်နဲ့သေချားစမ်းခြင်း ခဲငွေ့ရိုက်ခြင်းတို့ဖြင့် အဖြေရှာလို့ရပါတယ် Vph လမ်းကြောင်းပေါ်က C ရှော့ ဖြစ်ရင်တော့ Fet=ac9=cpu=emmc=pmic ထောင့်စွန်း စတာလေးတွေပူလာတက်ပါတယ် မီတာကိုx1မှာထားပြီး C လေးတွေလိုက်တိုင်းကြည့်ပါ ကပစီတာ အများစုဟာ မီတာမှာ X1 ထားပြီးတိုင်လျှင် မီတာလက်တံတဝက်ခန့် မီတာလက်တံတဝက်ကျော် မီတာလက်တံ ဂိတ်ဆုံးထိ ပြတက်ကြပါတယ် ဂိတ်ဆုံးထိတက်တဲ့ C ကိုသတိထားကြည့်ပါ မီတာလက်တံဂိတ်ဆုံးထိတက်ပြီး လုံးဝအနောက်သို့ပြန်မကျပါက ထို C လေးကို ဖြုတ်၍ ပြန်တိုင်းကြည့်ပါ မီတာလက်တံဂိတ်ဆုံးထိတက်ပြီးအနည်းငယ် မီတာလက်တံ ပြန်ကျပါက အကြမ်းဖျင်းကောင်းနိုင်သည်ဟုယူဆပါသည်
ပွင့်ပျက်နေတဲ့ ကပစီတာတွေကို Digital မီတာနဲ့တိုင်းရင် အသံမြည်တဲ့ နေရာမှာချိန်ပြီး ထောက်ကြည့်ရင် တီတီဆိုတဲ့အသံကြားရမှာဖြစ်ပါတယ်
ရှော့ဖြစ်အများဆုံး နေရာတွေကတော့ Backlight ပိုင်း
Network ပိုင်း
PM ic ခဲပူးခြင်း
Samsung ဆိုလျှင် Emmc ခဲပူးခြင်းကြောင့် ဒီError နဲ့ဆင်တူပါတယ်
Huawei မှာ Camera အဝင် 2.8V C လေးများအဖြစ်များပါတယ်
သေချာဂရုတစိုက် Error ကိုအဖြေရှာနိုင်ဖို့အရေးကြီးပါတယ်
တကယ်လို့ Key နှိပ်လို့ အပ်ပီအာ 2A Supply ဆို ၂စိပ်လောက် 5A Supply ဆို 0.5A လောက်တက်ပြီး
Key လွှတ်လိုက်လို့ ပြန်ပြုတ်ကျသွားရင် Error ကတမျိုး
Key လွှတ်လိုက်လို့ ဆက်မတက်ဘဲ ရပ်နေရင် Error က တမျိုး
မတူကြပါဘူး
Key လွှတ်လိုက်လို့ ပြန်ပြုတ်ကျသွားရင် ဒီနေရာမှာ သုံထားတဲ့ Cpu အပေါ်လည်းမူတည်ပါတယ်
Mtk/qualcomm/spd စတဲ့ Cpu ၃မျိုးမှာ
Mtk မှာဆိုရင် ....လက်ညောင်းလို့ နားအုံးမယ်ဗျာ အပိုင်း၂ ကိုစောင့်မျှော်ကြပါရန်...

Comments

Popular posts from this blog

Huawei G730-U00 CWM Recovery (English) +SP Flash Tool

Huawei & CoolPad LCD ပြသနာ