imei error တွေ 3G error တွေအတွက် modem block Change

imei error တွေ 3G error တွေအတွက် modem block ပြင်နည်း
=============================================
imei , network အစရှိတဲ့ error တွေတက်လာခဲ့ရင် ကျွန်တော်တို့ modem block တွေချိန်းပေးရုံနဲ့ ပြန်ပြင်ဆင်နိုင်ပါတယ်။
ပထမဆုံး မိမိ ဖုန်းရဲ့ modem block က ဘယ် partiton တွေမှာ ရှိတယ်ဆိုတာကိုတော့ သိထားဖို့လိုတယ်ဗျ။
ပထမဆုံး modem block တွေသိနိုင်ဖို့အတွက် ကျွန်တော်တို့ command line ကနေ ဝင်စစ်ရအောင်
ရိုက်ရမဲ့ command တွေက -
"
adb shell
cd /dev/block/platform/msm_sdcc.1/by-name
ls -al
"
အခုလို ရိုက်လိုက်ရင် ကျွန်တော်တို့ modem block တွေက ဘယ် partiton မှာရှိတယ်ဆိုတာကို သိနိုင်မှာပါ။ အဲ့ထဲကမှ modem block တွေကို
backup ဆွဲထုတ်လိုက်ပါ။
backup command -
adb shell su -c "dd if=/dev/block/mmcblk0p--- of=/sdcard/mmcblk0p---.img"
(or)
adb shell su -c "cat /dev/block/mmcblk0p-- > /sdcard/mmcblk0p--.img"
ကျွန်တော့်တို့ ဖုန်းရဲ ့ sdcard ထဲကို backup လုပ်ပြီးသွားရင်တော့ အဲ့ Block တွေကို copy ကူးပြီး imei error တက်နေတဲ့ ဖုန်းရဲ ့ sdcard ထဲမှာ
ထည့်ထားလိုက်ပါ။ ပြီးရင် restore ပြန်လုပ်ပါမယ်။
restore command -
adb shell su -c "dd if=/sdcard/mmcblk0p--.img of=/dev/block/mmcblk0p--"
(or)
adb shell su -c "cat /sdcard/mmcblk0p--.img > /dev/block/mmcblk0p--"
modem block တွေဖြစ်တဲ့ modem,modemst1,modemst2,oem info အစရှိတဲ့ ဖိုင်တွေပြန်ထည့်ပေးလိုက်ရင်တော့
imei error, 3G error တွေမဖြစ်တော့ပါဘူး။ အရင်လိုပဲ အဆင်ပြေပြေပြန်သုံးလာနိုင်မှာပါ။
အခုအထက်မှာ ပြခဲ့တဲ့ နည်းက Qualcomm cpu တွေမှာပဲ လုပ်ဆောင်လို့ရမှာဖြစ်ပြီး MTK,SPD တွေအတွက်ကတော့
MTK Droid tool ကို အသုံးပြုပြီး NVram ကို backup ,restore လုပ်ပေးခြင်းဖြင့် imei error တွေကို ကုစားနိုင်ပါတယ်။
500,1000 ဖြင့် စျေးကွက်ဖျက်ခြင်း ကင်းဝေးကြပါစေ။ သိစေလို တတ်စေလိုသောစိတ်ဖြင့်သာ ဝေမျှသည်။

Comments

Popular posts from this blog

Huawei G730-U00 CWM Recovery (English) +SP Flash Tool

Huawei & CoolPad LCD ျပသနာ