Samsung Phone များ Softbirck ( Deadboot ) မဖြစ်စေရန်


ယခုနောက်ပိုင်း Samsung ဖုန်းများတွင် Firmware မှားတင်မိချင်းကြောင့်
Deadboot ဖြစ်ချင်း ၊ IMEI Null ချင်းများဖြစ်တက်ပါတယ်။
ဥပမာ J700H လိုဖုန်းမျိုးမှာ Firmware မှားသွင်းမိချင်းကြောင့်
Dead boot ဖြစ်သွားတက်ပါတယ်။ ၄င်း Error များမှ ကာကွယ်နိုင်ရန်
Firmare ကျနေသော ဖုန်းအတွင်းရှိ Buildnumber / Android Version /
Region တို့ကိုသိရန်လိုအပ်ပါတယ်။ Firmware ကျနေသောဖုန်းကို
Build Number နှင့် Android Version ကို Recovery မှတဆင့်ကြည့်
နိုင်ပါတယ်။ ယခုနောက်ဝင်သော Samsung ဖုန်းများ၏ Recovery တွင်
view recovery log ဆိုပြီးတခုပိုပါလာပါမယ်။ ၄င်း view recovery log မှ
တဆင့် /cache/recovery/last_log ဖိုင်ကိုဖွင့်ပါ။ တက်လာသောစာများထဲမှ
ro.build.display.id = မှာ Buildnumber ဖြစ်ပြီး
ro.build.version.release= မှာ Android Version ဖြစ်သည်။
Recovery Mode ခေါ်ရာတွင်တက်လာသော
Applied the CSC-code : မှာ Region ဖြစ်သည်။
၄င်း မှတ်သားထားသော Buildnumber / region တို့ကို Google မှာ
ရိုက်ယုံဖြင့် မိမိ Devices တွက် ကိုက်ညီသော Firmware ဖိုင်ကိုရရှိပါမည်။
google မှာတင်မဟုတ်ပဲ အခြား samsung-update အစရှိသည့်ဆိုဒ်များ
တွင်လဲ Region buildnumber တို့ကိုကြည့်ပြီးဆွဲနိုင်ပါတယ်။
last_log ဖိုင်ကြည့်ချင်းမှာ build number ကြည့်ယုံသက်သက်တင်မဟုတ်ပဲ
အခြား Font သွင်းမိပြီး logo လည်သွားသောဖုန်းများအတွက်လည်း
font permission လွဲသွားချင်းများကိုလဲ ကြည့်နိုင်ပြီး
android partitions block များကိုပါ by-name ဖြင့်ကြည့်နိုင်ပါသည်။
Firmware မှားတင်မိပြီး Dead ဖြစ်ချင်းမှကင်းဝေးကျပါစေ။

Comments

Popular posts from this blog

Huawei G730-U00 CWM Recovery (English) +SP Flash Tool

Huawei & CoolPad LCD ျပသနာ