Posts

Image
-Resistor များ၏ ကိုယ်ထည်ပေါ်တွင်လည်းကောင်း၊ Circuit Diagram များတွင်လည်းကောင်း၊ Number Coding များနှင့်ဖော်ပြလေ့ရှိသည်။ ခုခံမှုတန်ဘိုး Number များအကြား Decimal Point နေရာတွင် multiplier ကို ဖော်ပြ၍ Tolerance ကို နောက်ဆုံးတွင် အက္ခရာဖြင့် ဖော်ပြသည်။ Multiplier R = decimal Point K = Kilo Ohm M = Mega Ohm Tolerance F = 1% G = 2% J = 5% K = 10% M = 20% Example 4R7G = 4.7 2% R33J = 0.33 5% 6K8J = 6.8k 5%
Image
Testing of a Capacitor and Interpreting Code Objective - Capacitor ၏ တန်ဘိုးကို ဖတ်တတ်စေရန်နှင့် Capacitor ကောင်းမကောင်းကို Ohm-meter နှင့် စမ်းသပ်တတ်စေရန်။ Theory - Capacitor (or) Condenser ဆိုသည်မှာ voltage ကို သိုလှောင်သိမ်းဆည်း ပေးခြင်းနှင့် လိုအပ်သလို ပြန်လည်ထုတ်ပေခြင်းကို ဆောင်ရွက်သော Electronics ပစ္စည်းတမျိုး ဖြစ်သည်။ Capacitor သည် AC လျှပ်စီး (ပြန်လှန်လျှပ်စီး) ကြောင်းကို တစ်ဘက်မှ တစ်ဘက်သို့ ဖြတ်သန်စေနိုင်ပြီး DC တစ်ဘက်လျှပ်စီးကို ဖြတ်သန်းခွင့် မပြုနိုင်အောင် တားဆီး ပေးနိုင်သည်။ Unit မှာ Micro Farad ( uF) နှင့် Pico Farad (PF) ဖြစ်သည်။ Condenser များကို (၃) မျိုးခွဲခြား မှတ်သားသင့်သည်။ ၎င်းတို့မှာ အောက်ပါအတိုင်းဖြစ် သည်။ (1) ဒစ်(စ)ကွန်ဒင်ဆာ (Disc Condenser) (2) အီလက်ထရိုလိုက်တစ်ကွန်ဒင်ဆာ (Electrolytic Condenser) (3) ဗယ်ရီအေးဘဲယ်ကွန်ဒင်ဆာ (Variable Condenser) 1. Disc condenser သည် အရွယ်အစားသေးငယ်ပြီး အ၀ိုင်းပုံစံနှင့် အခြားပုံစံအမျိုးမျိုး ထုတ်လုပ်ထားသည်။ Disc condenser များတွင် (+ , -), Polarity ခွဲခြားသတ်မှတ်ထားခြင်း မရှိပါ။
Image
. Diode Anode/ Cathode ခွဲခြားနည်း၊ ကောင်း/မကောင်းစမ်းသပ်ခြင်း။ Objective - Diode အမျိုးအစားများ ခွဲခြားသိရှိရန် နှင့် အလုပ်လုပ်ပုံ သိရှိရန်။ Theory - Diode ဆိုသည်မှာ တပိုင်းလျှပ်ကူးပစ္စည်းတစ်မျိုးဖြစ်ပြီး လျှပ်စစ်ကိုတစ်ဘက်တည်းသာ စီးဆင်းခွင့်ပေးသောပစ္စည်း ဖြစ်သည်။ ဒိုင်အုတ်တွင် ငုတ်နှစ်ခုပါရှိသည် ငုတ်တစ်ခုကို (Cathode) ကတ်သုတ်ဟုခေါ်၍ သင်္ကေတ (K) ဟူ၍ ဖော်ပြပြီး ကျန်ငုတ်တစ်ကို Anode အဲနုတ်ဟူ၍ ခေါ်သည်။ သင်္ကေတ အားဖြင့် (A) ဟု သတ်မှတ်သည်။ Cathode-> -ve Anode-> +ve - ဒိုင်အုတ်အမျိုးအစားများစွာ ရှိသည့်အနက် အခြေခံအားဖြင့် Diode လေးမျိုးကို သိရှိရန် လိုအပ်ပါသည် (၁) Rectifier Diode (ရက်တီဖိုင်ယာဒိုင်အုတ်) (၂) Detector Diode (ဒီတက်တာဒိုင်အုတ်) (၃) LED (Light Emitting Diode) (၄) Zener Diode ဇီနာဒိုင်အုတ်တို့ ဖြစ်သည်။ Procedure - Rectifier Diode သည် AC ဗို့အားကို DC ဗို့အားအဖြစ် ပြောင်းလဲသည့်နေရာတွင် အဓိကအသုံးပြုသည်။ Detector Diode ကို ရေဒီယိုများတွင် အဓိကအသုံးပြုသည်။ ၎င်း Diode သည်လူနားနှင့်မကြားရသောရေဒီယိုဖရေကွင်စီကိုလူနားနှင့်ကြားနိုင်သောအော်ဒီယိုဖရီကွင်စီအဖြစ်ေ
Image
Short ကျနေသော Phone အားပြုပြင်နည်း 1. Power Supply နှင့် တပ်လိုက်သောအခါ အသံမြည်ပြီး (A) တက်လိုက် / ကျလိုက်ဖြစ်လျှင် Voltage ကိုလျှော့ပါ ။ ပြီးလျှင် (A) လက်တံ တက်အောင် လုပ်ပြီး ပူတဲ့ အလုံးကိုရှာပါ။ - Capacitor ဆို ဖြုတ်( ပြန်မတပ်လည်းရ ) - BT/WiFi IC ဆို ဖြုတ် ( Customer ကို ရှင်းပြ ) - PA IC ဆို ဖြုတ် / အသစ်လဲ ( လဲစရာမရှိ Jumper ကျော် ) 2. Power Supply တပ်လိုက်သောအခါ ( A ) လက်တံ ဆက်တိုက်တက်နေ 3. Power Supply တပ်ပြီး Power ဖွင့်မှ ( A ) လက်တံ >0.4 တက်နေ Short ကျနေသော်လည်း ပူ တဲ့ အလုံး ရှာမရလျှင် Meter ကို Ohm Scale တွင် ထားပြီး Capacitor များကို လိုက်တိုင်းပါ ။ နှစ်ဖက်လုံး မြည်နေလျှင် Short ကျနေနိုင်သည်။ ထိုကဲ့ သို့ 10 လုံးခန့် တွေ့ ပါက မှတ်ထားပြီး တစ်ဝက် စီ စမ်းကြည့်ရမည် ။ Short ကျ တာချင်းတူလျှင် Charging Diode ဘေးက Capacitor ကို ဦးစားပေး ဖြုတ်ရမည်။ Charging Section ပိုင်းမှာ Short ကျနေလျှင် Short ကျနေသောအပိုင်းကို ဖြုတ်ပြီး ပုံပါအတိုင်း Jumper ကျော်ပေးရမည် ။ ( Crystal တွေ မှာ Short ကျလေ့  မရှိပါ
Image
Huawei G510 LCD မီးမလင်းပြသာနာဖြေရှင်းနည်း     Huawe G510 LCD မလာတာကိုပြုပြင်ပါမယ် အများဆုံးကတော့ရေ၀င်လို့ပေါ့နော် နက်နက်နဲ့နဲ့တော့မဟုတ်ဘူးဗျာ. ဆော့ကတ်ကိုကျော်ပြီးတော့ကြိုးဆက်သွားတာပါ  နောက်တစ်ခုပြောချင်တာက LCD မီးမလင်းတာပဲနော် LCD တစ်ချပ်လုံးမလာရင်တော့နော်လဲမကယ်နိုင်ဘူး.    အရင်ဆုံး LCD မီးမလာတော့ဘူးဆိုရင် စက်ပြား ဆော့ကတ် တွေကိုသေချာဆေးကြောပေးပါ ရုပ်ထွက်နေလာသေချာကြည့်ပါ မှိန်မှိန်လေးလာနေတယ်ဆိုရင် LCD ကိုခွာပြီး LED တွေကိုစစ်ပါ မီတာမှာ X1 ထားပြီးတော့ LED တစ်လုံးချင်ဆီတိုင်းကြည့်ပါ မီးလင်းမလင်းပေါ့ မကောင်းရင်လဲနော်...  LEDလဲကောင်းတယ်ဆိုရင်တော့ဗို့လိုက်တိုင်းကြည့်မယ်ဗျာ.. စက်ပြားကိုခွာလိုက်ရင် အောက်မှာအပေါက်လေးတစ်ခုရှိတယ် အောက်ပုံကိုကြည့်လိုက်ပါ    အဲအပေါက်ကိုတွေ့တယ်နော် ဒီအတိုင်ဆိုတိုင်းရခက်တယ်ဗျာ လွယ်အောင်ကြိုးနှစ်ချောင်းဆက်ပြီးတော့အစထုတ်လိုက်မယ် ပြီးရင်ဆော့ကတ်တွေသေချာပြန်ထည့် စက်ဖွင့်ပြီး ခနကဆက်ထားတဲ့ကြိုးနှစ်ချောင်းကိုတိုင်းကြည့်ပါ တစ်ချောင်းမှာက 3.7V ရှိပြီးနောက်တစ်ချောင်းမှာ  0.1V ရှိနေရပါမယ် အဲဗို့တွေရှိမှပဲမီးလင်းမှာပါ  
Image
Huawei 210 LCD မီးမလင်းတဲ့ပြသာနာဖြေရှင်းမယ် Huawei 210 LCD Display မလာတာကိုပြုပြင်မှာပါ အခုပို့က LCD နဲ့ပတ်သတ်ပြီးအပြည်အစုံ မဟုတ်ပါဘူး အခုကျနော်ပြောမယ်ပုံစံက Display မီပဲမလာတာပါ ရုပ်ထွက်နေပါတယ် အများဆုံးကရေ၀င်လို့ပျက်တာများတယ် ရုပ်ရောမီးရောမလာရင်တော့ LCD တစ်ချပ်လုံးလဲရမှာပါ အောက်ကပုံတွေကိုကြည့်ရင်သဘောပေါက်မှာပါ   ပျက်နိုင်တဲ့နေရာတွေကိုအနီရောင်နဲ့ဝိုင်းပြထားပါတယ် ဓါတ်ပုံနဲ့သေချာတင်ချင်ပေမဲ့ကင်မရာအဆင်မပြေသေးလို့နာလည်းပေးပါခင်ဗျာ M1 / M2 ကတော့ကြိုးဆက်ဖို့အတွက် လွယ်အောင်ပြထားပေးတာပါ တစ်ခုတောင်းပန်ချင်ပါတယ် အပေါ်ကပုံမှာ M1 နဲ့ M2 ကိုပြောင်းလဲကြည့်ပေးပါ Edit လုပ်တုန်းကနဲ့နဲ့လွဲသွားတာပါ ခိခိ....စိတ် မရှိကြပါနဲ့ဗျာ....ညနက်နေပြီးမို့လို့ပြင်မအားတော့ပါ.................   LCD မှန်ကကြိုးပြားပါ LCD Supply အပေါင်း(+)က M1 ပါ အနုတ်ကတော့ M2 ပေါ့ အောက်ပုံဆက်ကြည့်လိုက်ပါ   ကြိုးဆက်ရလွဲအောင်မှန်ရဲ့နောက်ဘက်ကနေပြထားပေးပါတယ်  (+)က M1 ပါ M1 ကိုဆက်ပေးရပါမယ် M1 ကိုတိုင်းကြည့်လို့ 3.4V မရှိရင် M1 ကနေ ကွန်ဒင်ဆာအပေါင်း(+)ကိုကြိုးနဲ့ဆက်ပေး လိုက်ပါ အဆင်ပြေပါတယ် ဒိုင်အုတ်အမ
Image
Huawei Y210 Network PA IC ကြိုးဆက်အစားထိုးနည်း   Huawei Y210 တွေအသုံးများလာတာနဲ့အမျှပုံစံအမျိုးမျိုးနဲ့အပျက်လဲများလာပါတယ် အရင်တစ်ခေါက်တုန်းကလဲ 210 LED မလင်းတဲ့ပြစ်ချက်ကိုပုံရော ပတ်လမ်းပုံနဲ့တကွတင်ပြပေးထားပါတယ် အခုလဲ 210 ပါပဲ ပြစ်ချက်တွေကတော့ 1. လိုင်းတက်ပြီးတော့ဆက်မရခြင်း 2. ဖုန်းဆက်နေရင်နဲ့ခနခနကျကျသွားခြင်း 3. ဖုန်းဆက်ရင်ပူလာခြင်း 4. ဖုန်းပြောရင်မိနစ်အနည်းငယ်ဖြင့်အားကုန်ခြင်း 5. Sim သိပြီးတော့လိုင်းမတက်ခြင်း တို့ဖြစ်တတ်ပါတယ် အခုကျနော်ပေးမယ့်နည်းလမ်းက ကျနော်ကိုယ်တိုင်စမ်းသပ်အောင်မြင်ထားပြီးသာပါ PA IC ကိုမသုံးပါဘူး ကြိုးသွယ်ရုံလေးပါ   အပေါ်ပုံကတော့ PA IC ကိုဖြုတ်ထားတဲ့ပုံပါ ကဲအောက်ကပုံအတိုင်းကြိုးဆက်ကြည့်လိုက်ပါ....    သဘောပေါက်မယ်ထင်ပါတယ် နံပါတ် ၁ ကိုငုတ်ကိုအမဲစက်ပြထားပေးတယ်နော် ပုံကကြိုးစက်တဲ့ငုတ်ကလွဲလို့ကျန်တာလွတ်ထားလိုက်ပါ ၈ နဲ့ ၉ ကိုတော့ကြိုးမလိုပါဘူး ခဲပူလိုက်ရင်ရပါပြီး ၈ ၉ ကနေကြိုးတစ်ချောင်းထွက်ပြီး ၆ ကိုဆက်ပေးလိုက်ပါ နောက်ပြီး ၂ နဲ့ ၆ ကိုကြိုးတစ်ချောင်းထပ်ဆက်ပေးလိုက်ပါ အဆင်ပြေမယ်လို့ထင်ပါတယ်