Testing of a Capacitor and Interpreting Code
Objective
- Capacitor ၏ တန်ဘိုးကို ဖတ်တတ်စေရန်နှင့် Capacitor ကောင်းမကောင်းကို Ohm-meter နှင့် စမ်းသပ်တတ်စေရန်။
Theory
- Capacitor (or) Condenser ဆိုသည်မှာ voltage ကို သိုလှောင်သိမ်းဆည်း ပေးခြင်းနှင့် လိုအပ်သလို ပြန်လည်ထုတ်ပေခြင်းကို ဆောင်ရွက်သော Electronics ပစ္စည်းတမျိုး ဖြစ်သည်။ Capacitor သည် AC လျှပ်စီး (ပြန်လှန်လျှပ်စီး) ကြောင်းကို တစ်ဘက်မှ တစ်ဘက်သို့ ဖြတ်သန်စေနိုင်ပြီး DC တစ်ဘက်လျှပ်စီးကို ဖြတ်သန်းခွင့် မပြုနိုင်အောင် တားဆီး ပေးနိုင်သည်။ Unit မှာ Micro Farad ( uF) နှင့် Pico Farad (PF) ဖြစ်သည်။
Condenser များကို (၃) မျိုးခွဲခြား မှတ်သားသင့်သည်။ ၎င်းတို့မှာ အောက်ပါအတိုင်းဖြစ် သည်။
(1) ဒစ်(စ)ကွန်ဒင်ဆာ (Disc Condenser)
(2) အီလက်ထရိုလိုက်တစ်ကွန်ဒင်ဆာ (Electrolytic Condenser)
(3) ဗယ်ရီအေးဘဲယ်ကွန်ဒင်ဆာ (Variable Condenser)
1. Disc condenser သည် အရွယ်အစားသေးငယ်ပြီး အ၀ိုင်းပုံစံနှင့် အခြားပုံစံအမျိုးမျိုး ထုတ်လုပ်ထားသည်။ Disc condenser များတွင် (+ , -), Polarity ခွဲခြားသတ်မှတ်ထားခြင်း မရှိပါ။
2. Electrolytic Condenser သည် အရွယ်အစားကြီးသေး အမျိုးမျိုးရှိပြီး Disc Condenser ဖြင့် နှိုင်းယှဉ်သော် တန်ဖိုးသတ်မှတ်ချက် ကြီးမားသော အမျိုးအစားဖြစ်သည်။ Electrolytic Condenser ၌ (+ , -) polarity ကို သတ်မှတ်ထားသည်။ မှားယွင်း သုံးစွဲမိပါက ပျက်စီးသည်အထိ ဖြစ်နိုင်သည်။ Condenser များ၏ Working Voltage ကို ကျော်လွန်၍ သုံးစွဲပါက ပေါက်ကွဲပျက်စီးနိုင်သည်။ Capacitor ၏ ကိုယ်ထည်ပေါ်တွင် Capacitance တန်ဖိုးနှင့် အလုပ်လုပ်နိုင်သော Working Voltage ကို ဖော်ပြထားသည်။ Electrolytic Capacitor ၏ တန်ဖိုးနှင့် အလုပ်လုပ်နိုင်သော ဗို့အားကို ကိုယ်ထည်ပေါ်တွင် ရေးသားထားသည်။ Polarity ကိုလည်း (-) pin ကို သတ်မှတ် ပေးထားသည်။ ၎င်း၏ ယူနစ်မှာ Micro Farad (uF) ဖြစ်သည်။
သို့သော် Disc Condenser များတွင် Capacitor Code ကို ဂဏန်းဖြင့် ဖော်ပြထားရှိသည်။ ပထမ ကိန်းဂဏန်းနှင့် ဒုတိယကန်းဂဏန်းသည် တန်ဖိုးကိုဖော်ပြပြီး တတိယကိန်းဂဏန်း သည် သုည အရေအတွက်ကို ဖော်ပြသည်။ ယင်း၏ ယူနစ်မှာ Pico Farad (pf) ဖြစ်သည်။
For Polarized Capacitor
- မစမ်းသပ်မီ ပထမဦးစွာ Capacitor Terminal နှစ်စကို ခေတ္တမျှ Short Circuit ပြုလုပ် ပေးရမည်။ Capacitor Terminal များကို 1k ရှိသော Resistor နှင့် ဆက်ပေးခြင်းဖြင့်လည်း အသုံးပြုလို့ ရသည်။ ၎င်းလုပ်ငန်းစဉ်ကို Momentarily Discharge ပြုလုပ်သည်ဟုခေါ်သည်။
- Ohmmeter (သို့) Multi-meter ကို x1 Range တွင်ထား၍ meter ၏ Pointer ညွှန်ပြ မှု အခြေအနေကို လေ့လာရမည်။ Pointer သည် Zero ဖက်ဆီသို့ တက်သွားပြီး မူလအခြေအနေ သို့ တဖြေးဖြေး ပြန်ကျလာသည့် အခြေအနေကို တွေ့ရှိရလျှင် အဆိုပါ Condenser သည် ကောင်းမွန်သည်ဟု ယူဆနိုင်သည်။
(a) Shorted Capacitor
Meter Pointer သည် Zero တန်ဘို:သို့ တက်ပြီး လုံးဝပြန်မကျပါက ၎င်း Capacitor သည် Short Circuit ဖြစ်နေသည်။
(b) Open Capacitor
Meter လက်တံသည် လုံးဝလှုပ်ရှားမှု (တန်ဘိုးဖော်ပြမှု) မရှိပါက Open Circuit ဖြစ်နေသည်။
(c) Leakage Capacitor
မီတာလက်တံသည် Zero ဆီသို့ တက်သွားပြီး ပြန်လည်ဆင်းလာရာမှ တန်ဖိုးတစ်ခုတွင် ရပ်တံ့ဖော်ပြနေလျှပ် ၎င်း Capacitor သည် Leakage ယိုစီးမှု ဖြစ်ပေါ်နေသည်။
(d) Good Indication
အကယ်၍ Meter Pointer သည် အနယ်ငယ်ရွှေ့လျားပြီး မူလနေရာသို့ ပြန်လည်တက် ရောက်ခဲ့လျှင် ၎င်း Capacitor သည် ကောင်းမွန်ကြောင်း သိနိုင်သည်။ Pointer ရွှေ့လျားမှုမှာ မီတာ၏ ထားရှိသော Range Setting ပေါ်မူတည်သည်။
(e)Defective Indication (အပျက်)
Pointer သည် zero ဘက်သို့တက်သွားပြီး ယင်းနေရာ၌ဆက်လက်တည်ရှိနေပါက short ဖြစ်နေ၍ မကောင်းကြောင်းသိနိုင်သည်။
3. Variable Condenser (တန်ဘိုးအနည်းအများ ပြောင်းနိုင်သော ကွန်ဒင်ဆာ)
၎င်း capacitor ကို Tuning Capacitor ကျူးနင်းကွန်ဒင်ဆာ ဟု ခေါ်ဆိုသည်။ Tuning Condenser များတွင်ရှိ Rotor ခေါ် ရွှေ့လျားအုပ်စုနှင့် stator ခေါ် တည်ငြိမ်အုပ်စုဟူ၍ ပါဝင်ပြီး၊ အလူမီနီယမ် သတ္တုပလိပ်ပြားများ ဖြစ်သော်လည်းကောင်း၊ မိုက္ကာပြားများဖြင့် သော်လည်း ကောင်း တစ်ခုနှင့် တစ်ခုထိစပ်ခြင်းမရှိစေရန် ပလိပ်ပြားနှစ်ခုကြား လေကို လျှပ်ကာအဖြစ် ခြားနား ထားသည်။ Rotor ကို အမြဲတမ်း Ground ဂရောင်းလိုင်းနှင့် ဆက်သွယ်ပြီး stator ကို ရေဒီယို ဖရေကွင်စီများနှင့် ဆက်သွယ်အသုံးပြုရသည်။ ကျူးနင်းကွန်ဒင်ဆာကို ရေဒီယိုလှိုင်းများ ဖမ်းယူနားထောင်ရာ၌ လှိုင်းဖမ်းညှိကိရိယာ အဖြစ် အသုံးပြုသည်။ ကျူးနင်းကွန်ဒင်ဆာ၏ ပလိပ်ပြားနှစ်ခု တထပ်တည်းညီညာနေချိန်တွင် ကြိမ်နှုန်းနိမ့်များကို ဖမ်းယူရရှိပြီး ထပ်ခြင်း တစ်ညီတည်း ထိတွေ့နေသောအခါ ဖမ်ယူရရှိသော ကြိမ်နှုန်းမှာ ကြိမ်နှုန်းမြင့်များ ဖြစ်သည်။
ကျူးနင်းကွန်ဒင်ဆာ၏ အကန့်အခန်း အရေအတွက်သည် ရေဒီယို လှိုင်းအရေအတွက် အနည်းများပေါ်တွင် မူတည်၍ ပါဝင်သည်။ One Bank Radio တစ်လှိုင်းဖမ်းရေဒီယိုတွင် အသုံးပြု သော ကျူနန်းကွန်ဒင်ဆာသည် အခန်းနှစ်ခန်းပါဝင်ပြီး တစ်ခန်းကို aerial ကျူနင်အဖြစ် အသုံးပြု ၍ ကျန်တစ်ခန်းကို oscillator ကျူနင်အဖြစ် အသုံးပြုသည်။

Comments

Popular posts from this blog

Huawei G730-U00 CWM Recovery (English) +SP Flash Tool

Huawei & CoolPad LCD ပြသနာ