. Diode Anode/ Cathode ခွဲခြားနည်း၊ ကောင်း/မကောင်းစမ်းသပ်ခြင်း။
Objective
- Diode အမျိုးအစားများ ခွဲခြားသိရှိရန် နှင့် အလုပ်လုပ်ပုံ သိရှိရန်။
Theory
- Diode ဆိုသည်မှာ တပိုင်းလျှပ်ကူးပစ္စည်းတစ်မျိုးဖြစ်ပြီး လျှပ်စစ်ကိုတစ်ဘက်တည်းသာ စီးဆင်းခွင့်ပေးသောပစ္စည်း ဖြစ်သည်။ ဒိုင်အုတ်တွင် ငုတ်နှစ်ခုပါရှိသည် ငုတ်တစ်ခုကို (Cathode) ကတ်သုတ်ဟုခေါ်၍ သင်္ကေတ (K) ဟူ၍ ဖော်ပြပြီး ကျန်ငုတ်တစ်ကို Anode အဲနုတ်ဟူ၍ ခေါ်သည်။ သင်္ကေတ အားဖြင့် (A) ဟု သတ်မှတ်သည်။
Cathode-> -ve
Anode-> +ve
- ဒိုင်အုတ်အမျိုးအစားများစွာ ရှိသည့်အနက် အခြေခံအားဖြင့် Diode လေးမျိုးကို သိရှိရန် လိုအပ်ပါသည်
(၁) Rectifier Diode (ရက်တီဖိုင်ယာဒိုင်အုတ်)
(၂) Detector Diode (ဒီတက်တာဒိုင်အုတ်)
(၃) LED (Light Emitting Diode)
(၄) Zener Diode ဇီနာဒိုင်အုတ်တို့ ဖြစ်သည်။
Procedure
- Rectifier Diode သည် AC ဗို့အားကို DC ဗို့အားအဖြစ် ပြောင်းလဲသည့်နေရာတွင် အဓိကအသုံးပြုသည်။ Detector Diode ကို ရေဒီယိုများတွင် အဓိကအသုံးပြုသည်။ ၎င်း Diode သည်လူနားနှင့်မကြားရသောရေဒီယိုဖရေကွင်စီကိုလူနားနှင့်ကြားနိုင်သောအော်ဒီယိုဖရီကွင်စီအဖြစ် ပြောင်းလဲ ပေးသောနေရာတွင် အဓိကထားသုံးသည်။
- LED Diode သည် အလင်းလွှတ်ပေးသော Diode ဖြစ်သည်။ အီလက်ထရွှန်းနစ်ပစ္စည်းများ တွင် Power Light, Standby Light ဘုရားမီးပြေးအဖြစ်လည်းကောင်း၊ အသံနှင့် အလုပ်လုပ်သော မီးပြေးများ၌လည်းကောင်းသုံးကြသည်။ အလင်းလွှတ် Diode များသည် အရောင်ကို အနီ၊ အစိမ်း၊ အ၀ါ၊ လိမ္မော်၊ အပြာ၊ အဖြူဟူ၍ ခြောက်မျိုးရှိသည်။ Remote Control များအတွင်းရှိ LED သည် Infrared LED (IR LED) ဟူ၍ ခေါ်သည်။ LED Ampere = 10mA LED ကို 12 Volt အားရှိ ပတ်လမ်းတွင် အသုံးပြုလိုပါက Dropper Resistor ကြားခံ၍ အသုံးပြုနိုင်သည်။
- Zener Diode ကို အီလက်ထရွန်းနစ် ဆော့ကစ်ပတ်လမ်း၏ ဗို့အားပေးသွင်းမှုအပိုင်း၌ အဓိကထားသုံးသည်။ Zener Diode ကိုယ်ထည်ပေါ်၌ ၎င်း Diode အလုပ်လုပ်သောvoltage ကို Zener Code နံပါတ်နှင့် ဖော်ပြထားသည်။
Diode ကောင်းမကောင်းတိုင်းတာခြင်း
- Diode ကို မီတာဖြင့် တိုင်းတာရာတွင် မီတာကို စကေးတွင် x 1 သို့  x 10 range ဖြင့် ထား တိုင်းရသည်။
(၁) (-) Prob ကို Diode ၏ Anode ဖက်တွင်ထား၍ (+) prob ကို Cathode ဖက်၌ တိုင်းတာပါက မီတာ Pointer သည် လက်ယာဘက်သို့ ပြမည်။
(၂) (+) prob ကို Diode ၏ Anode ၌ထား၍ (-) prob ကို Cathode ဖက်၌ထားပြီး တိုင်းတာပါက မီတာ၏ Pointer သည် High Resistance ဖြစ်နေသည်ကို တွေ့ရမည်။
- Diode Open ဖြစ်နေပါက meter pointer သည် မူလအတိုင်းရှိနေမည်။
Anode နှင့် Cathode ကို meter ၏ prob မည်သည်ဖက်နှင့် တိုင်းတာသည် ဖြစ်စေတန်ဖိုးသည် “0” ohm ပြနေပါက ၎င်း Diode သည် short ဖြစ်နေသော Diode ဖြစ်သည်။

Comments

Popular posts from this blog

Huawei G730-U00 CWM Recovery (English) +SP Flash Tool

Huawei & CoolPad LCD ပြသနာ