. Transistor ငုတ်များခွဲခြားနည်း၊ ကောင်း/မကောင်းစမ်းသပ်ခြင်း။
Objectives
- Transistor of Base, Collector, Emitter ကိုခွဲခြားတတ်ရန်
- Transistor Types (PNP, NPN) ကိုသိရှိရန်
- Transistor ကို (DC) ဗို့အားပေးခြင်း (Biasing the Transistor)

Procedure
- Transistor ဟူသောအခေါ်အဝေါ်ကို Transfer ဟူသောစာလုံးနှင့် Resistor ဟူသော စကားလုံးကို ပေါင်းစပ်၍ ထရန်စစ္စတာ (Transistor) ဟူခေါ်ခဲ့ခြင်းဖြစ်သည်။
- Transistor သည် Signal ခေါ် အချက်ပြလှိုင်းများကို အင်အားကြီးမားကြံ့ခိုင်အောင် ချဲ့ထွင်မှုပြုရာတွင် အဓိက အသုံးပြုသည်။
- Transistor ၏ ပုံသဏ္ဍာန်နှင့် အရွယ်အစားကိုကြည့်၍ အလုပ်လုပ်နိုင်သည့်စွမ်းအားနှင့် ဗို့မည်မျှခံနိုင်သည်။ အမ်ပီယာလျှပ်စီးကြောင်း မည်မျှအထိလက်ခံနိုင်သည်စသည့် Transistor တစ်လုံး၏ သဘောသဘာဝ (Characteristic) ကို မသိနိုင်ပါ။ ထရန်စစ်စတာ၏ ကိုယ်ထည်ပေါ် တွင် ဖော်ပြထားသော အက္ခရာနှင့် နံပါတ်ကိုကြည့်၍ Transistor data sheet တွင် ကြည့်ရှုမှသာ အရည်အသွေး ပြည်အစုံကို သိရှိပါမည်ဖြစ်သည်။
- Transistor တစ်လုံး၏အရေးကြီးသည့် အချက်များမျာ အောက်ပါအတိုင်းဖြစ်သည်။
(၁) Transistor ၏ Collector Volt မည်မျှ လက်ခံနိုင်သည်။
(၂) Transistor အတွင်း Ampere မည်မျှ စီးနိုင်သည်။
(၃) Transistor မည်မျှချဲ့နိုင်သည်။ (Watt)
(၄) အချဲ့ဂိန်း မည်မှ်ျအထိရှိသည်။ hFE (Gain)
(၅) ၎င်းထရန်စစ္စတာသည် PNP ဖြစ်လျှင်မည်သည် NPN နှင့် တွဲဖက်ညီသည်။ (သို့) စုံတွဲနံပါတ် (pair)
(၆) မည်သည့် အမျိုးအစားဖြစ်သည်။ (PNP or NPN)
(၇) ခြေငုတ်အနေအထားပုံစံ။ (Tip Position)
Transistor Type ခွဲခြားနည်း
- Transistor ၏ ကိုယ်ထည်ပေါ်တွင် ရေးသားထားသော နံပါတ်ကိုကြည့်၍ PNP (သို့) NPN ဖြစ်ကြောင်းခွဲခြားသိရှိနိုင်သည်။ Transistor ကိုယ်ထည်ပေါ်တွင် (A, 25A, B, 25B) ဟူသော အက္ခရာဖော်ပြပါက ၎င်း Transistor သည် NPN Type Transistor ဖြစ်သည်ဟု မှတ်သားရမည်။
- အက္ခရာတူပြီး ဂဏန်းကွဲပြားသော transistor များရှိသည်။ ဥပမာ - MJ15003, MJ 15004 တို့တွင် နောက်ဆုံးဂဏန်းကိုကြည်ပြီး Type ကို ခွဲခြားနိုင်သည်။ MJ 15003 တွင် 3 သည် မဂဏန်းဖြစ်၍ NPN ဟု သိနိုင်သည်။ MJ 15004 ၌ 4 သည် စုံရဏန်းဖြစ် ၎င်း Transistor သည် PNP ဖြစ်သည်။
- တဖန် MJ 2955 နှင့် 2N3055 တွင်နောက်ဆုံးဂဏန်း 55 သည်တူသည်။ ထိုအခါ ရှေ့ဂဏန်း 2 ဖြစ် သော စုံဂဏန်းကိုကြည်၍ MJ 2955 သည် PNP ဖြစ်၍ ရှေု့ဂဏန်းနှင့်စသည် 2N3055 သည် NPN အမျိုးအစားဖြစ်ကြောင်း သိရသည်။
Biasing the Transistor
- Transistor တစ်လုံးအလုပ်လုပ်စေရန်အတွက်
(1) B,E ဂျန်းရှင်းကို ရှေ့ညွှန်းဘိုင်း ယက်(စ်) (Forward bias) ပေးရမည်။
(2) C,E ဂျန်းရှင်းကို နောက်ညွှန်းဘိုင်း ယက်(စ်) (Reverse bias) ပေးရမည်။
PNP နှင့် NPN ထရန်စစ္စတာနှစ်မျိုးစလုံးအတွက်
IE= IB + Ic
Ic နှင့် နှိုင်းယှဉ်သော် IB သည် သေးငယ်လွန်းသည့် အတွက် IE=IC ဟု ယူနိုင်သည်။
IE = အီမစ်တာလျှပ်စစ်စီးကြောင်း
IC = ကော်လက်တာလျှပ်စစ်စီးကြောင်း
IB = ဘေ့ (စ်) လျှပ်စစ်စီးကြောင်း

Comments

Popular posts from this blog

Huawei G730-U00 CWM Recovery (English) +SP Flash Tool

Huawei & CoolPad LCD ပြသနာ