. Resistor Color Code ဖတ်နည်း၊ ကောင်း/ မကောင်းစမ်းသပ်ခြင်း။
ရည်ရွယ်ချက်
- Resistor အမျိုးအစားနှင့် တည်ဆောက်ပုံကိုသိရှိရန်
- Resistor ပေါ်တွင် မှတ်သားထားသော Color Code များကို ဖတ်၍ ခုခံမှုတန်ဖိုး သိရှိရန်
- Circuit တွင် မှန်ကန်သော ခုခံမှုတန်ဘိုးကို ထည့်သွင်းအသုံပြုတတ်စေရန်

Theory
- Resistor သည် ဗို့အားစီးဆင်းမှုနှင့်အချက်ပြလှိုင်းများကိုလျော့ချနိုင်ရန်အသုံးပြူသော အီလက်ထရွန်းနစ် ပံ့ပိုးပစ္စည်းဖြစ်သည်။ UnitမှာOhm ဖြစ်သည်။Resistorသည် အီလက်ထရွန်းနစ်ဆာကစ်ပတ်လမ်း တစ်ခုတွင်အရေအတွက်များစွာပါဝင်သည်။ အဓိကပစ္စည်းဖြစ်သည်။ Resistor၏ အဓိကတာဝန်မှာCircuit ပတ်လမ်းအတွင်း Volt အားစီးဆင်းမှုကို လိုအပ်သလို လျော့ချနိုင်ရန်ဖြစ်သည်။
Resistor များကို အုပ်စုနှစ်မျိုး ခွဲခြားနိုင်သည်။
1. Linear Resistor နှင့်
2. Non-linear Resistor တို့ ဖြစ်သည်။
- Linear Resistor များသည်။ Ohm’s law (V= IR)အတိုင်း လိုက်နာပြုမှုသည့် အမျိုးအစား ဖြစ်သည်။ Carbon Resistor, Wire Wound Resistor, Carbon and Wire Wound Variable Resistor များသည် Linear Resistor အမျိုးအစားဖြစ်သည်။
- Non-Linear Resistor များသည် Ohm’s Law အတိုင်းလိုက်နာပြုမှုခြင်း မရှိသော အမျိုးအစားဖြစ်သည်။ အများအားဖြင့် Sensor များ Tranducer များတွင်အသုံးပြုသည် Light Dependent Resistor (LDR), Thermistor (Negative Temperature Coefficient (NTC)) နှင့် Posistive Temperature Coefficient (PTC) Resistor များဖြစ်ကြသည်။
Resistor များကို အသုံပြုရာတွင် Circuit ၏ အနေအထားပေါ်မူတည်၍ Resistor ၏ ခုခံမှု တန်ဖိုးများနှင့် အပူခံနိုင်မှုစွမ်းအား (Watt) ကို သင့်တော်သလို ရွေးချယ်အသုံးပြုရမည်။
Resistor ၏ ခုခံမှုပမာဏကို ကိုယ်ထည်ပေါ်တွင် အရောင် Color နှင့်ဖြစ်စေ၊ ကိန်းဂဏန်း နံပါတ်နှင့်ဖြစ်စေ ဖော်ပြလေ့ရှိသည်။ ထိုအတူ Resistor ၏ အလုပ်လုပ်နိုင်မှုစွမ်းရည် (သို့) အပူခံနိုင်မှု စွမ်းရည်ကိုလည်း အရွယ်အစား (သို့) ကိန်းဂဏန်းအမှတ်အသားနှင့် ဖြစ်စေ ရေးသားဖော်ပြသည်။
- Resistor ၏ ကိုယ်ထည်ပေါ်တွင် (Ohm ) တန်ဖိုးနှင့် Watt တို့ကို ကိန်းဂဏန်း တန်ဖိုးနှင့် ဖော်ပြပါက အလွယ်တကူ ဖတ်နိုင်သော်လည်း အရောင် Color Code နှင့် ဖော်ပြပါက အောက်ပါအတိုင်း ဖတ်ရှုသိနိုင်သည်။
Colour Code and Marking
- Low Power Resistor များ (2-watt) အထိရှိသော ခုခံမှုတန်ဘိုးကို ကွဲပြားခြားနားသော Colour များ အသုံးပြု၍ ဖော်ပြလေ့ရှိသည်။ အဆိုပါ ဖော်ပြချက်ကို Color Code ဟုခေါ်သည်။
(Colour Code Chart ကို ကျွန်တော်ပုံ နဲ့  တင်ပေးပါမယ်)

Comments

Popular posts from this blog

Huawei G730-U00 CWM Recovery (English) +SP Flash Tool

Huawei & CoolPad LCD ပြသနာ